အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2026
ချင်းပြည်နယ် တီးတိန်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တီးတိန်မြို့အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကျင်းပခဲ့သည်။
Jan 14,2026
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပြိုဘေးအန္တရာယ် ကျရောက်နိုင်သည့်အတွက် မာန်မြေကျေးရွာအုပ်စု မာန်မြေအနောက်စုကျေးရွာမှ ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ခဲ့ကြသည့် အိမ်ထောင်စုဝင်များအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထောက်ပံ့ငွေများပေးအပ်သည်။
Jan 14,2026
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၂၅)ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရွန်နစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအားရေကြည်မြို့နယ် ဗထူးရပ်ကွက်၊ (၆)လမ်းရှိ မိုးလုံလေလုံအားကစားခန်းမအတွင်းသို့ ယမန်နေ့မွန်းလွှဲ (၃) အချိန်က‌ ရောက်ရှိခဲ့ကြောင်းသိရသည်။
Jan 14,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မူဆယ်ခရိုင်/မြို့နယ် စုပေါင်းရုံးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Jan 14,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ချောင်းမကြီး ရေလှောင်တမံနှင့် ဥတ္တရသီရိရေလှောင်တမံများသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တမံပြုပြင်ဆောင်ရွက်နေမှုများနှင့် တမံမြေသားကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Jan 14,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Jan 14,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်ဆင့်/မြို့နယ်ဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)ကို ခရိုင်/မြို့နယ်စုပေါင်းရုံးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။