အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မဲရုံမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို အမှတ်(၄)ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ အားကစာခန်းမအသစ်၌ ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
Jan 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်များ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ ရောက်ရှိသည်။
Jan 14,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 14,2026
ရန်ကုန်တိုင်း​ဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Clubအဖွဲ့ တို့ပူးပေါင်း၍ စာပေချစ်သူများ စာဖတ်ပရိသတ်များ၊ စာပေကိုပိုမိုချစ်မြတ်နိုးတတ်စေရန်နှင့် စာပေမှအသိပညာဗဟုသုတပိုမိုရရှိစေရန်ရည်ရွယ်၍ စာရေးဆရာ မင်းဗထူးရေးသားသည့် “စဥ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ” စာအုပ်စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ဝ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊
Jan 14,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ School Milk Programme အစီအစဉ်ဖြင့် မူလတန်းကျောင်းသား/သူများအား နွားနို့နှင့်ကြက်ဥပြုတ်အာဟာရ တိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်တွင် နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၈)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် ဆုတောင်းပြည့်မယ်လမုစေတီသုံးထပ်ဆောင်တွင် ပြုလုပ်ရာ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ကျော်၊ မရမ်းကုန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကျေးကော်မရှင်အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ တက်ရောက်ကြသည်။
Jan 14,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်သမဝါယမအသင်းစုလီမိတက်ပိုင် ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း၌ ဧကရာဇ်ကျေးရွာတွင် ဧကရာဇ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်၏ အသင်းသားဖြစ်သည့် ဦးကျင်သန်းပိုင်ဆိုင်သော လယ်မြေ (၁၂)ဧကအတွင်း နွေစပါးစိုက်ပျိုးခြင်းကို ရေဆင်းပေါ်ဆန်း (၂)မျိုး၊ စပါး (၃)ဧကနှင့် ရက် (၉၀) မျိုးစပါး (၉) ဧကတို့အား Drum Seeder ဖြင့် အစေ့ချစိုက်ပျိုးခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
Jan 14,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်း၊ သဲကုန်းမြို့နယ်အတွင်းရှိ မဲစာရင်းအမည်ပါဝင်သော ဒေသခံပြည်သူများ၊ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများအား One Stop Service ဖြင့် ယနေ့နံနက် (၁၀)နာရီအချိန်က သဲကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။