Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် ဌာနနှစ်ပတ်လည်အကြို သံဃာတော်များအား အာရုဏ်ဆွမ်းလောင်းလှူ
Nov 01,2022
အပြည့်အစုံ ဖတ်ရန်
အုတ်တွင်းမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အကြို ဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခြင်း၊ ငါးလွှတ်ခြင်းနှင့်သန့်ရှင်းရေးများကုသိုလ်ပြုဆောင်ရွက…
Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်မည့်(၃၄)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အဆိုပါဌာနမှဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းခြင်း၊ မြတ်မိုဃ်းကောင်းဘုရားဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ငါးလွှတ်ခြင်းများကို ယနေ့နံနက်ပိုင်းက ကုသိုလ်ပြုဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား Myanmar Fitness Dance သင်တန်းဖွင့်လှစ်သင်ကြား
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်ပြီး ကျန်းမာ သန်စွမ်းသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်စေရန်ရည်ရွယ်၍ Myanmar Fitness Dance သင်တန်းကို အခြေခံပညာအထက်တန်း ကျောင်း (ကျွန်းလှ)၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းတော်မြို့ ဝန်ထမ်းပေါင်းစုံ စုပေါင်းဘုံကထိန်ပွဲကျင်းပ
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ ဝန်ထမ်းပေါင်းစုံ စုပေါင်းဘုံကထိန်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် စက်ကုန်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့မဈေးအနီး ပျံကျဈေးသည်များ စည်းကမ်းတကျ ဈေးရောင်းချရန်နှင့် စွန့်ပစ်အမှိုက်များ စည်းကမ်းမဲ့စွန့်ပစ်ခြင်းများ မပြုလုပ်ရေးကွင်းဆင်းပညာပေး
Nov 01,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေးအနီး ဖွင့်လှစ်ရောင်းချနေသည့် ပျံကျဈေးသည်များ စည်းကမ်းတကျ ဈေးရောင်းချရန်နှင့် စွန့်ပစ်အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်းများ မပြုလုပ်ရေး ကွင်းဆင်းပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ဦးဆောင်မှုဖြင့် ဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ကွင်းဆင်းအသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲက ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရမည့် ပြည်သူများအား မြို့နယ်ပြည်သူ့ ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့်…
Nov 01,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်းတို့ပူးပေါင်း၍ ပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း သင်တန်း ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များ အသိပညာပေး လိုက်လံကြေညာ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနက ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များကို ပြည်သူများ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး လိုက်လံကြေညာ ခြင်းကို ယနေ့ နံနက်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15260
Page
15261
Page
15262
Page
15263
Current page
15264
Page
15265
Page
15266
Page
15267
Page
15268
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department