အမြို့မြို့အနယ်နယ်သတင်းများ

Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ မီးဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက  ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ စနစ်တကျဆောင်ရွက်နိုင်ရန်နှင့် စွမ်းရည်ပြည့်ဝသည့် မီးသတ်တပ်ဖွဲ့ဝင်များဖြစ်လာစေရန်ရည်ရွယ်၍  အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီက အင်းစိန်မြို့နယ်မီးသတ်ဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၃)ရပ်ကွက်၊ ငါးမာန်အောင်ဘုရား၊ ငါးမာန်အောင်ဓမ္မာရုံတွင် ယမန်နေ့နံနက် ၉ နာရီခွဲ ညနေ ၃ နာရီထိ  မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဒေါက်တာမြဖူးငုံဦး‌ဆောင်သော ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့ (PSI) တို့ပူးပေါင်း၍ TB  ရောဂါ တိုက်ဖျက်ရေးအတွက် ရင်ခေါင်းဓာတ်မှန်ရိုက်ပေးခြင်း၊ သလိပ်စစ်ပေးခြင်းနှင့် ကျန်းမာရေးအခမဲ့စစ်‌ဆေးပေးလျက်ရှိကြောင်း သိရသည်။
Nov 02,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အခြေခံပညာတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီက တံတားဦး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည် ။
Nov 02,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ရည် ရည်သွေး ထက်မြက်စေရန်နှင့် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအား သိရှိစေရန်ရည်ရွယ်၍ ယနေ့ညနေ( ၃) နာရီအချိန်က ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ဟောပြောပွဲများ ကျင်းပပြုလုပ်သည်။
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက် (၉)နာရီက ညောင်ဝိုင်း‌ကျေးရွာအုပ်စုရှိ နဒီဧရာဆိပ်ကမ်းသာ မြစ်မခမြစ်အတွင်း ပြုလုပ်ခဲ့သည်။
Nov 02,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်စေရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက်(၉;၃၀)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးနှင့် ခရိုင်အတွင်းရှိ မြို့နယ်ဦးစီးမှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ဝင်ခနိမ်ကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာတွင် "Kyaw" အဆင့်မြင့် ဖူဆယ်‌ဘောလုံးကွင်းဖွင့်ပွဲအထိမ်းအမှတ် အလွတ်တန်း ဖူဆယ်‌ဘောလုံးပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။