ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးရေးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်  အမြဲမပျက်လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learing Talk Show) နှင့် ပြိုင်ပွဲများ ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၂၄

ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ကျောင်းသူလူငယ်များ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှု့ခြင်းမှ ရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေတက်စေရန်၊ စာဖတ်သည့်အလေ့အထကောင်းများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိပြီး ထူးခွန်ထက်မြတ်သည့် နိုင်ငံသားကောင်းရတနာ ဖြစ်လာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍  ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအဖြစ် အမြဲမပျက် လေ့လာသင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show) ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ပန်းချီ/ပိုစတာပြိုင်ပွဲများကို ဇန်နဝါရီ ၂၂ ရက်နေ့က တောင်တွင်းကြီးမြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်း ကျောင်း(မိုးထိ)၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုတွင် အထူးအစီအစဥ်တစ်ရပ်အဖြစ် ကျင်းပခဲ့သော အမြဲမပျက်လေ့လာသင်ယူရေး စကားဝိုင်း (Never Stop Learning Talk Show) တွင် စာရေးဆရာမ မစန္ဒာ ရေးသားသည့် အရိပ်စာအုပ်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမြတ်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ Grade - 10 ကျောင်းသူ မအိမ့်ချစ်ဖြိုး၊ အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်း Grade  11 ကျောင်းသူ မဟန်ချောစု၊ RMEC ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade  11 ကျောင်းသူ မသဲစုဝေ၊ ထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade  11 ကျောင်းသူ မမိုမိုကို တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုတွင် ထည့်သွင်းကျင်းပသော ပြိုင်ပွဲများဖြစ်သည့် မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသား၊ကျောင်းသူ (၂၁)ဦး၊ အလယ်တန်းအဆင့် ပန်းချီ/ပိုစတာပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၂၂)ဦး၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင်  ရေနှင့်ကြာပမာ လူငယ်နှင့် စာပေပါ၊ ပျားကိုပုံတုစာပေစု စာကြည့်တိုက်ကိုဗဟိုပြု၊ ရင်ထဲစွဲကျန်ခဲ့သော စာအုပ်လေးတစ်အုပ် ခေါင်းစဥ်များဖြင့် ကျောင်းသား၊ ကျောင်းသူ (၂၂)ဦးတို့က အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကာ ဆုရှိသူများအား ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အခမ်းအနားဖြင့် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)