ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ်ဝင်း သန့်ရှင်းရေး ဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ကမာရွတ်မြို့နယ်တွင် ယနေ့နံနက် ၇ နာရီမှစတင်၍ ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက် ရန်ကုန်တက္ကသိုလ်ဝင်း သန့်ရှင်းသာယာသပ်ရပ်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏စီမံမှုဖြင့် တက္ကသိုလ်ဝင်းအတွင်းရှိ သိပ္ပံဆောင်တွင် စနေနေ့အထူးသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

အဆိုပါဆောင်ရွက်နေမှုကို ရန်ကုန်မြို့တော် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် ဒုတိယဌာနမှူး(ခရိုင်/မြို့နယ်)တို့ လာရောက်စစ်ဆေးခဲ့သည်။

ယင်းနောက် အထူးသန့်ရှင်းရေးကို ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ပတ်ဝန်းကျင်သန့်ရှင်းဌာနမှ လက်ထောက်ဌာနမှူး၊ ခရိုင်မှူး (ပန်းဉယျာဉ်)တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရုံးဝန်ထမ်းများ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှ ဝန်ထမ်းများ၊ ရေစီးရေလာမှဝန်ထမ်းများ၊ ပန်းဥယျာဉ်မှဝန်ထမ်းများ၊ လမ်းတံတားမှဝန်ထမ်းများ၊ အင်ဂျင်နီယယာနှင့်အဆောက်အအုံမှ ဝန်ထမ်းများ၊ စည်ပင်ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၁၀၅)ဦးဖြင့် အရွက်‌ကြွေအမှိုက်များနှင့် ရေမြောင်းရှင်းလင်းခြင်း၊ တွယ်ကပ်သစ်ပင်ရှင်းလင်းခြင်းနှင့် ကျန်းမာရေးပညာပေးလက်ကမ်းစာစောင် ပေးအပ်ခဲ့ပါကြောင်း၊ ထွက်ရှိလာသော အမှိုက်များကို ပတ်ဝန်းကျင်သန့်ရှင်း၊ ပန်းဥယျာဉ်၊ ရေစီးရေလာမှ ကားများဖြင့် (၁)ခေါက်စီ သိမ်းဆည်းခဲ့ကြောင်း သိရပါသည်။

စိမ်းလဲ့(ပြန်/ဆက်)