အမြို့မြို့အနယ်နယ်သတင်းများ

May 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့်အမျိုးသမီးထုအတွင်းမှန်ကန်သော အာဟာရအသိပညာပြည့်စုံစေရေး ခရိုင်အဆင့် ဆရာဖြစ်သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းကဗဟန်းမြို့နယ်ရှိ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
May 29,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကဝမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးတွင် ဆောင်ရွက်ခဲ့သည်။
May 29,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပိတောက်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
May 29,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း‌ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ က‌လောခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့သည်။
May 29,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ) ပုံညာခန်းမ၌ ပြုလုပ်ခဲ့သည်။
May 29,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
May 29,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိစေရန် မိမိတို့၏ အိမ်ခြံဝင်းများအတွင်းတွင် ငရုတ်ကောင်းပင်များ တစ်နိုင်တစ်ပိုင် တိုး၍ စိုက်ပျိုးလာလျက်ရှိကြောင်း သိရသည်။