အမြို့မြို့အနယ်နယ်သတင်းများ

Jan 17,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊‌ ကျေးသီးမြို့နယ်အတွင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်‌နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနိုင်ရေးအတွက် အီလက်ထရောနစ်မဲပေးစက် MEVM (၄၅၆)လုံးနှင့် ဆက်စပ်ပစ္စည်းများ ‌ကျေးသီးမြို့သို့ ယမန်‌နေ့ ည (၆:၃၀)နာရီက ရောက်ရှိခဲ့ကြောင်းသိရသည်။
Jan 17,2026
နေပြည်တော်အတွင်း သီးနှံများစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေး၊ ပန်းတိုင်အတွက်နှုန်းရရှိရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။
Jan 17,2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင် အမျိုးသမီးရေးရာအဖွဲ့မှ ကျင်းပပြုလုပ်သည့်အခြေခံရုံးလုပ်ငန်းဆိုင်ရာသင်တန်းနှင့်အခြေခံစာရင်းကိုင်သင်တန်းကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ဖွင့်လှစ်ကြောင်း သိရသည်။
Jan 17,2026
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ ပေါင်း၍အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ် ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဇန်န်ဝါရီ(၁၆) ရက်နံနက်ပိုင်းက ကျိုက်ထိုမြို့၊ တောင်က‌လေးကျေးရွာရှိ အ.မ.ကတောင်ကလေး  ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြ‌သည်။
Jan 17,2026
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ကျောင်းသူများစာ အုပ်စာပေ လေ့လာ ဖတ်ရှုနိုင်ရန်၊ စာပေလေ့ လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတ များကို ပြန်လည်မျှ‌ဝေအသုံးချနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်း စေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်အ‌ခြေခံပညာဦးစီး ဌာနတို့ပူးပေါင်းကျင်းပသော "စာကြည့် တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
Jan 17,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ "စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပရာ အဆိုပါအခမ်း အနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတ ရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး၊ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်သည်။