Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကြံခင်းမြို့၌ တရားမဝင်အကောက်ခွန်မဲ့ ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ တရားမဝင် အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိ ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့ပေါ် ရပ်ကွက်များရှိ ဆိုင်ကယ်အရောင်းဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ (လုံးဝ)မရှိစေရေး ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်
Jun 01,2025
စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အနီးကပ်လမ်းညွှန်မှုဖြင့် မုံရွာခရိုင် လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ စိစစ်ဖော်ထုတ်အရေးယူရေးအဖွဲ့ ခေါင်းဆောင် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးတင်အောင် ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် (၉)နာရီက စတင်ပြီး မုံရွာမြို့နယ် ကျောက္ကာလမ်းပေါ်ရှိ ဆိုင်ကယ်ရောင်းဝယ်ရေး ဆိုင်များသို့ ရောက်ရှိပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စည်ပင်လုပ်ငန်းလိုင်စင်၊ ရောင်းချခွင့်လိုင်စင်၊ အခွန်ဆောင်ထားရှိမှု စသည့် သတ်မှတ်လုပ်ငန်းလိုင်စင်များ ရှိ/မရှိတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် တရားမဝင်မော်တော်ဆိုင်ကယ်များ လုံးဝရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မုံရွာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ (လုံးဝ)မရှိစေရေးတို့ကို ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့၊ မြို့မစျေးတွင် “စွန့်ပစ်ပစ္စည်းများ စနစ်တကျစီမံခန့်ခွဲခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြားစွန်းပစ်ခြင်း” အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင…
Jun 01,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ မြို့မစျေးအတွင် “စွန့်ပစ်ပစ္စည်းများ စနစ်တကျ စီမံခန့်ခွဲခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြားစွန်းပစ်ခြင်း”အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင် သား ၊ သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ…
Jun 01,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင် သား၊သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့် ပညာသင်ထောက်ပံ့ကြေး နှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို မေလ(၃၁)ရက်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ကုန်တင်ကုန်ချကော်မတီရုံးတို့မှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သားသမီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၊ ကပျဥ်ရိုးကျေးရွာ၌ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေး
Jun 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကပျဥ်ရိုးကျေးရွာ၌ ဒေသနေပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးအဆင့်မြှင့်တင်ရေးအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 01,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၇ နာရီအချိန်က ရွှေညီနောင် ကျေးရွာအုပ်စု၊ ရေမနောက်ကျေးရွာ၊ အရိယာဝါသ (သီလရှင်)ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဦးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီသီးနှံစံပြကွက်စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုများ ထောက်ပံ့ပေးအပ်
Jun 01,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့က ၂၀၂၅-၂၀၂၆ခုနှစ် မိုးရာသီသီးနှံ စံပြကွက်စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ စိုက်ပျိုးရာတွင် ထည့်သွင်းအသုံးပြုရမည့် သွင်းအားစုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ် ပညာရေးဝန်ကြီးဌာနက “၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား” ကျင်းပ
Jun 01,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပညာရေးဝန်ကြီးဌာနက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရတနာခန်းမ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1506
Page
1507
Page
1508
Page
1509
Current page
1510
Page
1511
Page
1512
Page
1513
Page
1514
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department