Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တရားမဝင်အကောက်ခွန်မဲ့ ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ပေါ်ရပ်ကွက်များရှိ ဆိုင်ကယ်အရောင်းဆိုင်များ Showroom များတွင် တရားမဝင်အကောက်ခွန်မဲ့ဆိုင်ကယ်များ တင်သွင်းရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့က ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့တွင် မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သော ဌာနဆိုင်ရာများမှ ကျောင်းအပ်နှံနေမှုများနှင့် ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ ကျောင်းအပ်နှံရေး ဟောပြောစ…
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် (၁၀)နာရီက ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများမှ သဘော့ကန်ကျေးရွာအုပ်စု၊ သဘော့ကန်ကျေးရွာ အ.ထ.က(သဘော့ကန်)တွင် ကျောင်းအပ်နှံနေမှုများ၊ ကျောင်းဖွင့်လှစ်သင်ကြားရန် ကြိုတင်စီစဉ်ထားမှုများအား လိုက်လံကြည့်ရှုကာ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ စုံညီစွာ ကျောင်းအပ်နှံနိုင်ရေး ဟောပြောစည်းရုံးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရန်ကျန်ရှိမှုမရှိစေရေး တာဝန်ရှိသူများ ကွင်းဆင်းစည်းရုံးဆောင်ရွက်
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံကျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရန် ကျန်ရှိမှုမရှိစေရေးအတွက် တာဝန်ရှိသူများမှ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ ကွင်းဆင်းစည်းရုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံတက်ရောက်စေရေး စည်းရုံးနှိုးဆော်
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မေလ(၂၂)ရက်နေ့မှ စတင်၍ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်၍ အခြေခံပညာကျောင်းများအားလုံး၌ ပိတ်ရက်မရှိ ကျောင်းအပ်လက်ခံဆောင်ရွက်ခဲ့ရာ ကျောင်းနေအရွယ် ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းအပ်နှံတက်ရောက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွန်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများက ယနေ့နံနက်ပိုင်းက စတင်ကာ ကျောင်းနေအရွယ်ကလေးများရှိသည့် နေရာများအရောက် ကွင်းဆင်း၍ တိုက်တွန်းနှိုးဆော်စည်းရုံးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရန်ကျန်ရှိမှုမရှိစေရေး တာဝန်ရှိသူများ ကွင်းဆင်းစည်းရုံးဆောင်ရွက်
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရန်ကျန်ရှိမှုမရှိစေရေးအတွက် တာဝန်ရှိသူများမှ ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၃)ရပ်ကွက်အတွင်း၌ ကွင်းဆင်းစည်းရုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ MSME လုပ်ငန်းအဖြစ် မြန်မာ့ရိုးရာသနပ်ခါးရေရှည်တည်တံ့ခိုင်မြဲရေး လက်လီလက်ကားစနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ရွှေရည်ဝင်းရှင်မတောင်သနပ်ခါးပင်…
Jun 01,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးအတွက် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ အရည်အသွေးကောင်းမွန်သည့် ကုန်ချောပစ္စည်းများထုတ်လုပ်ကာ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်ဆောင်ရွက်ကြသည်။ ထို့အပြင် မြန်မာ့သနပ်ခါးကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မှတ်တမ်းဝင်နိုင်ရေး နိုင်ငံတော်အဆင့်တာဝန်ရှိသူများ၊ သနပ်ခါးလုပ်ငန်းရှင်များ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး NGO အဖွဲ့အစည်းများ၊ သနပ်ခါးချစ်မြတ်နိုးသည့် ပြည်သူများအားလုံး ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှားဆောင်ရွက်နေမှုအား အထောက်အကူဖြစ်စေရေးနှင့် တန်ဖိုးထားမြတ်နိုးတတ်စေရေးရည်ရွယ်၍ မြန်မာ့ရိုးရာသနပ်ခါးကို လက်လီလက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့က ရွှေရည်ဝင်းရှင်မတောင်သနပ်ခါးပင်ရင်းပွဲရုံလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်-
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခု ဖွင့်လှစ်၍ အိမ်ထောင်…
Jun 01,2025
မြန်မာပြည်မြောက်ဖျားပိုင်း၊ ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့်မလိခမြစ်တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၌ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ အရှိန်အဟုန်ဖြင့်မြင့်တက်လာခဲ့ပြီး ယနေ့နံနက် ၈ နာရီတွင် မြို့၏စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအောက် ၁၁၀၅ စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြို့မြေနိမ့်ရပ်ကွက်များအတွင်း မြစ်ရေဝင်ခဲ့ရာ ရေဘေးကယ်ဆယ်ရေးစခန်း (၁၀)ခု ဖွင့်လှစ်၍ အိမ်ထောင်စု (၈၀၀)ကျော်တို့အား ကူညီကယ်ဆယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအောက် ၁၁၀၅ စင်တီမီတာထိ မြင့်တက်လာမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ…
Jun 01,2025
မြန်မာပြည် မြောက်ဖျားပိုင်းနှင့် ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့်မလိခမြစ်တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၌ ယမန်နေ့ နံနက်ပိုင်းမှ စတင်မြင့်တက်လာခဲ့ပြီး ယနေ့ နံနက် ၈ နာရီတွင် မြို့၏စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာ အောက် ၁၁၀၅ စင်တီမီတာအထိ မြင့်တက်လာခဲ့သဖြင့် မြစ်ကြီးနားမြို့ မြေနိမ့်ရပ်ကွက်များအတွင်း မြစ်ရေဝင်ရောက်ပြီဖြစ်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ဦးဆောင်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1504
Page
1505
Page
1506
Page
1507
Current page
1508
Page
1509
Page
1510
Page
1511
Page
1512
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department