အမြို့မြို့အနယ်နယ်သတင်းများ

Jan 17,2026
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို 7 Star ကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 17,2026
အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရတနာပုံတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲတစ်ဦးချင်းနှင့် အသင်းလိုက် ပြိုင်ပွဲကို ဇန်နဝါရီ ၁၅ ရက်နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂၌ ကျင်းပသည်။
Jan 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအား မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲအမှတ်စဉ်များ အလွယ်တကူသိရှိပြီး အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးတစ်အိမ်တက်ဆင်း Voter Slip များ လိုက်လံ ဖြန့်ဝေပေးခြင်းကို ရပ်ကွက်များအလိုက် ယမန်နေ့ နံနက်ပိုင်းကစတင်၍ ဖြန့်ဝေ ပေးလျက် ရှိကြောင်း သိရသည်။
Jan 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် ကျန်းမာ‌ရေးစောင့်ရှောက်မှု ကွင်းဆင်းဆေးကုသခြင်းများကို ဇန်နဝါရီလ ၁၆ ရက်နေ့နံနက်ပိုင်းက တာကြီးရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊
Jan 17,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ အ.လ.က(ခွဲ)မူလွန်-မြို့မတောင်ကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အခမ်းအနားကို အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ကျင်းပသည်။
Jan 17,2026
ကျေးလက်နေပြည်သူများ ချည်မျှင်၊ အထည်အလိပ်နှင့် ရက်ကန်းဆိုင်ရာ ပညာများသိရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်၍ ကယားပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(လွိုင်ကော်)၌ ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူ (၁)နှစ်သင်တန်း၊ လက်ရက်ကန်း(၆)လသင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ကကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
Jan 17,2026
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မြတ်မဟော်ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 17,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သစ်တော ပြုန်းတီးမှုမှ ကာကွယ်ရေးနှင့် ပြည်သူများ ထင်းသုံးစွဲမှု အထောက်အပံ့ရရှိရေး ယမန်နေ့နံနက် ၁၁ နာရီက ရဒါန်းချောင်းဆုံ ကြိုးဝိုင်းအကွက်အမှတ်(၁၇)၌ ကျေးရွာသုံးစိုက်ခင်းမှထွက်ရှိသော ထင်းနှင့် မျောတိုင်များအား ချောင်းဆုံကျေးရွာမှ ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။