Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပင်လောင်းမြို့၌ မွေးစမှ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွ…
Jun 03,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နံနက်ပိုင်းက ရင်းမှီးရပ်ကွက်အတွင်းရှိ မွေးစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ရေဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 03,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိဈေးနှင့် ပြည်တော်သာလမ်းတို့တွင် ဈေးရောင်း ဈေးဝယ်ပြည်သူများ၊ လမ်းသွားလမ်းလာပြည်သူများထံ ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်တွင် ပြောင်းစိုက်ခင်းများ စတင်စိုက်ပျိုးလျက်ရှိပြီး ခူးဆွတ်ရောင်းချချိန်၌ ဈေးကောင်းရရန် တောင်သူများမျှော်လင့်
Jun 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ပြောင်းစိုက်ခင်းများ စတင်စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးကုန်ကျစရိတ် မြင့်ခဲ့ခြင်းကြောင့် တောင်သူများ အနေဖြင့် သီးနှံရောင်းချချိန်တွင် ဈေးကောင်းရရှိရန် မျှော်လင့်နေကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်တွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေး
Jun 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များကို နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့၌ ရေဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 03,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ရေဘေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆင်ပေါင်ဝဲမြို့ မြို့မစျေးအတွင်း၊ အပြင်တို့၌ ပြုလုပ်ခဲ့ရာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်းအဖွဲ့က စျေးရောင်းစျေးဝယ် ဒေသခံပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Jun 03,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ဇွန်လ(၅)ရက်တွင် ကျရောက်မည့် (၅၂)နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် တက္ကသိုလ်အဆင့်ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီက တက္ကသိုလ်စာသင်ဆောင်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်တွင် ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 03,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်၍ ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများဖြစ်သည့် ဈေးနှင့် ဧရာဝတီမြစ်ကမ်းဘေး ရပ်ကွက်နေပြည်သူများထံ အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ ပလတ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေ
Jun 03,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်းနှင့် ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်က အဆိုပါဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1501
Page
1502
Page
1503
Page
1504
Current page
1505
Page
1506
Page
1507
Page
1508
Page
1509
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department