အမြို့မြို့အနယ်နယ်သတင်းများ

Jan 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (ဆဌမ)အကြိမ် ကျောင်းတွင်းအာဟာရကျွေးခြင်းကို အေ(၉)လမ်း အ.မ.ကနှင့် ချမ်းမြေ့သာယာ အ.မ.က ကျောင်းတို့၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
Jan 19,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဇန်နဝါရီနေ့မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ သံကြိုးကျေးရွာအုပ်စု၊ သံကြိုးကျေးရွာတွင်  (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်တို့နှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
Jan 19,2026
မွန်ပြည်နယ် မုဒုံမြို့တွင် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၆ ရက်နေ့နံနက်ပိုင်းက အ.လ.က (ခွဲ) တာပသွန်ကျောင်းရှိခန်းမ၌ ပြုလုပ်သည်။
Jan 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လှည်းဆိပ်တူးမြောင်းကျေးရွာ၊ အ-လ-က ရှမ်းကွင်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ဇန်နဝါရီလ (၁၅)ရက် နေ့မွန်းလွဲ (၁)နာရီ အချိန်က ကျင်းပခဲ့သည်။
Jan 19,2026
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် အသိပညာပေးလုပ်ငန်းများစွာ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ စာပေဖတ်ရှုလိုစိတ်များ ပေါ်ပေါက်လာစေရန်နှင့် အတွေးအခေါ်များမြင့်မားလာစေရန် ရည်ရွယ်၍ ခန္တီးမြို့တွင် နယ်လှည့် အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်ပြပွဲကို ခန္တီးမြို့ အ.မ.က(၇)ကျောင်းတွင် ယမန်နေ့ကပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 19,2026
မုံရွာတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ  မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံမှ ဌာနကြီးမှူးများနှင့် ဘာသာရပ်အလိုက် ဆရာ/ဆရာမများ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Jan 19,2026
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံ‌သော  လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍  မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင်  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းက ဒိုးကွင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင်  ကျင်းပသည်။