Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဘိုကလေးမြို့နယ်တွင် ဖျာပုံခရိုင် လေးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေ စာမေးပွဲ အကြိမ်(၅၀)မြောက် ရွှေရတုပွဲတော် ဖွင့်ပွဲကျင်းပ
Jan 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဖျာပုံခရိုင် လေးမြို့နယ်လုံးဆိုင်ရာ အကြိမ်(၅၀)မြောက် ရွှေရတုပရိယတ္တိနုဂ္ဂဟ ရှင်သာမဏေစာမေးပွဲတော်ကြီးအား ဖေဖော်ဝါရီ(၈)ရက်နေ့မှ (၁၂)ရက်နေ့ထိ ကျင်းပဆာင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက် (၈)နာရီခွဲအချိန်၌ ဘိုကလေးမြို့၊ အောင်တော်မူဘုရားတန်ဆောင်းမုခ်ဦးဝတွင် ရွေရတုပွဲတော်အား ဖွင့်ပွဲကျင်းပဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများနှင့် တွ…
Jan 19,2026
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မြစ်သားမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အောင်မြင်စွာကျင်းပနိုင်ရေး ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဝေယံဘုံမြင့်ဓမ္မာရုံတွင် ဇန်နဝါရီ ၁၉ ရက် နံနက် ၇ နာရီက ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မဲရုံမှူး၊ မဲစာရင်းစစ်ဆေးသူ၊ မဲပေးစက်ထိန်းချုပ်ကိုင်တွယ်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ စစ်ဆေးခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်
Jan 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ စစ်ဆေးခြင်းနှင့် INSTALLATION လုပ်ငန်းများဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၁၆ ရက်နေ့ နံနက်(၈)နာရီ အချိန်က အမှတ်(၃)ရပ်ကွက်၊ မြို့တော်ခန်း၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် တာဝန်ရှိသူများ သဲကုန်းမြို့နယ်အတွင်းရှိ မဲရုံအဖြစ်ဆောင်ရွက်မည့် တည်နေရာများအား လို…
Jan 19,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာဆန္ဒမဲပေးနိုင်ရေးအတွက် သတ်မှတ်မဲရုံ တည်နေရာများလိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံအဖြစ် ကျင်းပပြုလုပ်မည့် ရပ်ကွက်များ၌ ကွင်းဆင်းကြည့်ရှုလိုက်လံစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့ အ-ထ-က(အုန်းချောင်း)တွင် လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ
Jan 19,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွေသောင်ယံမြို့၊ အ-ထ-က(အုန်းချောင်း)တွင် ယနေ့နံနက်(၉)နာရီအချိန်က အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ရီရီလွင်နှင့် ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ် အင်းကြီးကျေးရွာ မူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 19,2026
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက အင်းကြီး ကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်(၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်
Jan 19,2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဇလွန်မြို့နယ်တွင်(၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဇလွန်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနရှိ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် Pan Myat Hsu Co.,Ltd မှတာဝန်ယူဆောင်ရွက်သော “ပဆင - ညောင်ပင်စျေး - ကြပ်ကြီး - သရက်တပင် - ညောင်ကုန်းလမ်း” ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ၌ (၂၉)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Jan 19,2026
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ၌ (၂၉)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျေးရွာ မြတစ်သိန်းတန် အမေကြီးသန့် ဓမ္မာရုံတွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1488
Page
1489
Page
1490
Page
1491
Current page
1492
Page
1493
Page
1494
Page
1495
Page
1496
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department