အမြို့မြို့အနယ်နယ်သတင်းများ

Jun 05,2025
ကသာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၃ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 05,2025
ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇×၂၈ လမ်းကြား၊ ၈၈×၈၉ လမ်းကြား၊ မဟာလောကရံသီ အိမ်တော်ရာစေတီတော်ဝင်းအတွင်းရှိ ရတနာဃရ ၁၄ ခန်း ဗိမာန်တော်တွင် ၁၃၈၆ ခုနှစ်(၂၀၂၅ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲကို ဇွန် ၂ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 05,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဝင်းထက်မြန်မာဆောက်လုပ်ရေးကုမ္ပဏီတို့ပူးပေါင်းပြုလုပ်သော School Milk Program အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား ယမန်နေ့ နေ့လယ် ၂ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ဆောင်ရွက်ခဲ့သည်။
Jun 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်က မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် သဘာဝပတ်ဝန်းကျင်အား ချစ်မြတ်နိုးတတ်စေရန်၊ တန်ဖိုးထားတတ်စေရန်နှင့် ပြုန်းတီးနေသည့် သစ်တောသစ်ပင်များအား ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်သည့်အနေဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကို ယမန်နေ့နံနက်(၈)နာရီအချိန်က ခန္တီး-ဟုမ္မလင်းကားလမ်းဘေး၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 05,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၇) နာရီအချိန်က မြို့မစျေးအရှေ့ဖက် စည်ပင်သာယာကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 05,2025
မြန်မာတို့သည် ခေတ်အဆက်ဆက်မှ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းကာ ကစားလာကြသော ဝိုင်းခြင်း (သို့) ခြင်းအလှခတ်ကစားခြင်းကို မတိမ်ကောမပပျာက်စေရန် ခြင်းပြပွဲ၊ ပြိုင်ပွဲများအဖြစ် ထည့်သွင်းကျင်းပလာကြကြောင်း သိရသည်။