မုံရွာတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ဖွင့်လှစ်

မုံရွာ၊ ဇန်နဝါရီ ၁၉

မုံရွာတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် နာရီက အဆိုပါတက္ကသိုလ်ရှိ  မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/ စီမံမှ ဌာနကြီးမှူးများနှင့် ဘာသာရပ်အလိုက် ဆရာ/ဆရာမများ၊ အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မုံရွာတက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီ နာယက၊ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာသန်းသန်းဝင်းက တက္ကသိုလ်မှာ အားကစားပြိုင်ပွဲတွေ ကျင်းပပေးတယ်ဆိုတာ ကိုယ်လက်ကျန်းမာဖို့၊ စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ အစုအဖွဲ့နဲ့ လုပ်ကိုင်တက် အနိုင်မအရှုံးမပေးတတ်တဲ့ ဇွဲသတ္တိတွေတိုးပွားပေါင်းသင်း ဆက်ဆံတတ်က ရိုင်းပင်းကူညီတတ်ဖို့ စတဲ့ရည်ရွယ်ချက်ကောင်းတွေနဲ့ ကျင်းပပေးနေတာဖြစ်ပါကြောင်းပြိုင်ပွဲဝင်အားကစားသမားတွေအနေဖြင့် ဒီရည်ရွယ်ချက်ကောင်းတွေကို မြင်အောင်ကြည့်၊ ရအောင်ယူပြီး ဘက်စုံထူးချွန် ထက်မြက်သူတွေဖြစ်အောင် မမှိတ်မသုန် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး  ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန် ရွတ်ဆိုကြပြီးနောက် မုံရွာတက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီ နာယက၊ ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာသန်းသန်းဝင်းက ပြိုင်ပွဲများကို ဖွင့်လှစ်ပေးသည်။

ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ မုံရွာက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ “ပန်းတိုင်းပွင့်ပါစေ”  Fitness Dance “ပန်းတိုင်းပွင့်မည် မြန်မာပြည်” တေးသရုပ်ဖော် အကများဖြင့် ကပြဖျော်ဖြေမှုနှင့် နိုင်ငံတော်ရွှေတံဆိပ်ဆုရှင် မကိမ်ရှန်း ‌ဒိတ်ဆန်၏ လက်ဝှေ့သရုပ်ပြသမှု တို့အား ကြည့်ရှုအားပေးပြီး ပါမောက္ခချုပ်က မကိမ်ရှန်း ‌ဒိတ်ဆန်အား အမှတ်တရဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ မုံရွာတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်နှင့် ပြေး၊ ခုန်၊ ပစ်အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၁၃ ရက်ကြာပြုလုပ်မည်ဖြစ်ပြီး ဘာသာရပ်(၁၅)ခုမှ  ပြိုင်ပွဲဝင်အသင်း(၁၂)သင်း၊ အားကစားသမားစုစုပေါင်း ၂၀၄ ဦး ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)