အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများ၏ နွေစပါးစိုက်ပျိုးရေး လုပ်ငန်းများတွင် စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများမရှိဘဲ အထွက်နှုန်းတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် တွေ့ဆုံ ဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ခေါင်းဆောင်သောအဖွဲ့မှ ကြို့ပင်စခမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများစာပေဗဟုသုတများစွာရရှိနိုင်စေရန်နှင့် စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၃)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
Dec 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် အပတ်စဥ်ရောင်းချပေးလျက်ရှိရာယနေ့ နံနက် (၈) နာရီ အချိန်က စော်ဘွားအင်း ရပ်ကွက်ရှိ တမူး - ဟဲဇင်းကျေးရွာ သွားလမ်းဆုံ တွင်  ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
Dec 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အနေဖြင့် အမျိုးသားအဆင့် စံလုပ်ငန်းများအားသိရှိ ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးပွဲနှင့် လူကုန်ကူးမှူတားဆီးကာကွယ်ရေးလုပ်ငန်းများအပါအဝင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများ အချိတ်အဆက်မိမိ ဆောင်‌ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းက မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 08,2022
ပဲခူးမြို့ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှ ကြီးမှူးကျင်းပသော (၃၆)ကြိမ်မြောက် သာသနာလင်္ကါရအကျော်စာမေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဗုဒ္ဓအသံဓမ္မဗိမ္မာန်နှင့်     ရွှေမောဓောဘုရားရင်ပြင် တော်တွင် ကျင်းပခဲ့သည်။
Dec 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP) အရ လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမား ကောင်းများပေါ်ထွန်းလာစေရန် အားကစားပွဲတော်ကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှစ၍ မြို့မအားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ကြောင်း သိခဲ့သည်။
Dec 08,2022
မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုရှိသည်နှင့်အညီ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့၌ မိုင်းလင်းကက်သလစ်ခရစ်ယာန်သာသနာ နှစ်(၁၀၀) ပြည့် ဂျူဗလီပွဲတော်ကို  မိုင်းလင်းကျေးရွာရှိ ကက်သလစ်ဘုရား ရှိခိုးကျောင်းဝင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့မှ ယနေ့ထိ သုံးရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက် အခြေခံပညာအထက်တန်း(တပ်နယ်) ကျောင်းတွင် လူငယ်များ အသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။