အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် စိုက်ပျိုးဧက ၇၀၀ကျော် အကျိုးပြုနိုင်ရန် ဖောက်လုပ်လျက်ရှိသော ခါးတက္ကန်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး ပြီဖြစ်ကြောင်း သိရသည်။
Dec 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အ.ထ.က (၁) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (Myancopharm)အား အပိုထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Dec 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပညာရေးဒီဂရီကောလိပ်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ပညာရေးဒီဂရီကောလိပ် အစည်းအဝေးခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။
Dec 08,2022
စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင် မြို့နယ်က​လေးသူငယ်အခွင့်အ​ရေးများဆိုင်ရာ​ ကော်မတီအစည်းအ​ဝေးကို ယ​မန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Dec 08,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ မွေးကင်းစမှ အသက်၁နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ထိုးပေးနေကြဖြစ်သည့် တိုးချဲ့ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေး၍ မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးရာ လာရောက်ထိုးနှံသူ များပြားခဲ့ကြောင်း သိရသည်။
Dec 08,2022
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းတို့ ပူးပေါင်းပြီး စားသုံးသူ အခွင့်အရေးများ သိရှိနားလည်သဘောပေါက်ပြီး စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရန် ရည်ရွယ်၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲပိုင်းက အဆိုပါ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ)ကျောင်းရှိ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 08,2022
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာများထံ ချေးငွေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းပေးနိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Dec 08,2022
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁၂နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။