အ​ခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆက်လက်ရောင်းချပေး

တမူး ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် အပတ်စဥ်ရောင်းချပေးလျက်ရှိရာ  ယနေ့ နံနက် (၈) နာရီ အချိန်က စော်ဘွားအင်း ရပ်ကွက်ရှိ တမူး - ဟဲဇင်းကျေးရွာ သွားလမ်းဆုံတွင်  ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင် ဒေသခံပြည်သူများအား နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ အိမ်ထောင်စု တစ်စုအတွက်  ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ပဲ၊ ကြာဇံ နှင့်ဟင်းသီးဟင်းရွက်များပါ အခြေခံစားသောက်ကုန်(၈)မျိုးကို  အိမ်ထောင်စု (၃၀၀) စုတို့အား ပြင်ပပေါက်စျေးထက် ဈေးနှုန်းသက်သာစွာဖြန့်ဖြူး  ရောင်းချပေးခဲ့သဖြင့် ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။

စျေးလာဝယ်ကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်​​ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးအတွက် နှာခေါင်းစည်း(mask)များဖြန့်ဝေပေးခဲ့ကြပြီး ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးတို့အတွက်   မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဌ ဦး​အောင်ကျော်မိုးနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရတနာ