ပဲခူးမြို့ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှ ကြီးမှူးကျင်းပသော (၃၆)ကြိမ်မြောက် သာသနာလင်္ကါရအကျော်စာမေးပွဲ ကျင်းပ

ပဲခူး ဒီဇင်ဘာ ၈

ပဲခူးမြို့ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှ ကြီးမှူးကျင်းပသော (၃၆)ကြိမ်မြောက် သာသနာလင်္ကါရအကျော်စာမေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဗုဒ္ဓအသံဓမ္မဗိမ္မာန်နှင့်     ရွှေမောဓောဘုရားရင်ပြင် တော်တွင် ကျင်းပခဲ့သည်။

သာသနာလင်္ကါရအကျော်စာမေးပွဲကို စာဖြေဌာန(၃)ဌာနဖြင့်ကျင်းပခဲ့ပြီး စာဖြေဌာန(၁)ကို ဗုဒ္ဓအသံဓမ္မဗိမ္မာန်အပေါ်ထပ်တွင် ပထမအဆင့်၊ သာမဏေ-ခုံအမှတ်(၁)မှ(၇၀၀)ထိလည်းကောင်း၊ စာဖြေဌာန(၂)ကို ရွှေမောဓောဘုရားရင်ပြင်တော်ရှိ ကျောက်ပန်တောင်းဓမ္မရုံတွင် တတိယအဆင့်၊ သာမဏေ-ခုံအမှတ်(၁)မှ(၅၉)ထိ၊ ပထမအဆင့်၊ သီလရှင်- ခုံအမှတ်(၁)မှ(၁၂၂)ထိ၊ ဒုတိယအဆင့်သီလရှင်-ခုံအမှတ်(၁)မှ(၄၀)ထိ၊ တတိယအဆင့် သီလရှင်-ခုံအမှတ်(၁)မှ(၇)ထိလည်းကောင်း၊ စာဖြေဌာန(၃)ကို ရွှေမောဓောရင်ပြင်တော်ရှိ မြင်းကျားဓမ္မရုံတွင် ဒုတိယအဆင့်၊ သာမဏေ- ခုံအမှတ်(၁)မှ(၁၈၈)ထိ ပထမအဆင့်၊ သာမဏေ- ခုံအမှတ်(၇၀၁)မှ (၇၁၃)ထိလည်းကောင်း စာဖြေဌာန(၃)ဌာနသက်မှတ်ထားပြီး တစ်နိုင်ငံလုံးမှ သံဃာတော်၊ သီလရှင်(၁၁၄၄)ပါးဝင်ရောက် ဖြေဆိုတော်မူကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)