အမြို့မြို့အနယ်နယ်သတင်းများ

Dec 09,2022
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)ကို ယမန်နေ့မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Dec 09,2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယနေ့နံနက် ၁၀ နာရီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ကျင်းပပြုလုပ်ခဲ့သည်။
Dec 09,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အလုပ်ရုံအလုပ်သမား ဉပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် လူမှုဖူ လုံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အလုပ်သမားရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်း အမှတ်(၃၁) အကြီးစားစက်ရုံ စုပေါင်းခန်းမတွင် ကျင်းပရာဝန်ထမ်းများ တက်ရောက်ကြသည်။
Dec 09,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ် ၁ နာရီက မင်းတုန်းမြို့နယ် ကျောက်ကြီးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ရာ ကျောင်းသား၊ကျောင်းသူ (၁၀၆)ဦးနှင့် ဆရာ၊ဆရာများ တက်ရောက်ခဲ့ကြသည်။
Dec 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့်စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို ယမန်နေ့ညနေ ၃ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ညနေ(၄:၀၀)နာရီချိန်က သာကေတမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ သံလွင်ခန်းမ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် Quick Win Project အရ သဘောဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ဟောပြောခဲ့သည်။
Dec 09,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က နတ်ကြို့အိုင်ကျေးရွာ ရွာဦးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံ၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ဧရာသီရိသုခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။