Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရန်ကင်းမြို့နယ် မိုးကောင်းဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ နတ်တော်လပြည့် ဗုဒ္ဓဟူးနေ့၌ ရန်ကင်းမြို့နယ်ရှိ မိုးကောင်းဆုတောင်းပြည့် စေတီတော်မြတ်ကြီး၏ (၁၃၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကို ယမန်နေ့ ညနေ ၃ နာရီက သင်္ဃနးကျွန်းခရိုင်နှင့် မြို့နယ်အဆင့်ဌာနပေါင်းစုံမှ ပါဝင်လောင်းလှူခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် ရှေးဦးပြုစုခြင်းသင်တန်း (၇/၂၀၂၂) ဆင်းပွဲပြုလုပ်ဆောင်ရွက်
Dec 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၇/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ (၃) နာရီအချိန်က အမှတ်(၁)အခြေခံပညာအလယ်တန်း ကျောင်းခွဲတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ဧရာမင်းစပါး စံကွက်ရိတ်သိမ်းရာ တစ်ဧကစပါးအခြောက် (၁၀၇) တင်းထွက်
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ဆန်စပါးဖူလုံရေး တိုက်နယ် (၁၂) ခု၊ ကွင်းပေါင်း (၂၂၂) ကွင်း၌ စပါးသီးနှံ (၅၂၄၆၁) ဧက စိုက်ပျိုးထားပြီး ယနေ့နံနက် (၁၀) နာရီက ပေတောကြီးအုပ်စု၊ ကွင်းအမှတ် (၃၅၅-ခ)၊ ဦးပိုင်အမှတ်(၄၁/၂) တောင်သူဦးအောင်လှ၏ ဧရာမင်းမိုးစပါးစိုက်ခင်းအား စံကွက်ရိတ်သိမ်းရာ တစ်ဧကစပါးအခြောက် (၁၀၇) တင်း ထွက်ရှိကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သမင်ခြံကျေးရွာ၌ နေကြာမျိုးစေ့ချစိုက်ပျိုးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ဒေသတွင်း စားသုံးဆီဖူလုံရေးအတွက် ယနေ့ နံနက်က သမင်ခြံကျေးရွာ ကွင်းအမှတ်(၅၀၂)ဦးပိုင် အမှတ်(၈)ဧရိယာ(၁၅)ဧက တောင်သူဦးသန်းမြင့်လယ်တွင် မြေပြုပြင်ထွန်ယက်နေမှု အခြေအနေနှင့် နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုအခြေအနေအား ဆောင်ရွက်နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ်၊ ဇောတိကကျေးရွာတွင် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမုန်တိုင်းသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်
Dec 08,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ဇောတိကကျေးရွာသည် မုတ္တမပင်လယ်ကွေ့နှင့်နီးစပ်လျက်ရှိသည့်အတွက် ကျေးရွာနေပြည်သူများ သဘာ၀ဘေး အန္တရာယ်ကြုံတွေ့လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြုလုပ်တတ်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးမုန်တိုင်းသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ဇောတိကကျေးရွာ ဆိုင်ကလုန်း Shelter တွင် ယမန်နေ့နံနက် ၈ ခွဲနာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ် ရွာလွတ် (အ.ထ.က)နှင့် မုဒွန်းနောက်(အ.မ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ဆောင်ရွက်…
Dec 08,2022
ကျောင်းသား/ သူများ ပြည်သူများ စားသုံးနေသည့် အစားအစာများ ဘေးဥပါဒ်ကင်းရှင်းစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှု အပေါ်အခွင့်အရေးရရှိစေရန် အတွက်ရည်ရွယ်ပြီး မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီး ဒီဇင်ဘာ (၇)ရက်နေ့နံနက်က ချောင်းဆုံမြို့နယ် ရွာလွတ်(အ.ထ.က) ကျောင်းနှင့် မွန်းလွဲပိုင်းတွင် မုဒွန်းအနောက် (အ.မ.က)ကျောင်းတွင် လည်းကောင်းစားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ ပကန်း (ကင်းပုစွန်) ရှားပါးလာ
Dec 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့ရှိ တံငါလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံအများစုသည် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်လျက်ရှိပြီး ရေနေသတ္တဝါများ ယခင်ကထက်ရှားပါးလာ၍ ရှာဖွေသူများအနေဖြင့် တွက်ခြေမကိုက်ဖြစ်နေကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14431
Page
14432
Page
14433
Page
14434
Current page
14435
Page
14436
Page
14437
Page
14438
Page
14439
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department