ညောင်ဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ညောင်ဦး  ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က နတ်ကြို့အိုင်ကျေးရွာ ရွာဦးကျောင်းဓမ္မာရုံတွင် ဒေသခံပြည်သူလူထုနှင့်တွေ့ဆုံ၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးကြရာ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးနန်းတင့်မှ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့အား ကျယ်ကျယ်ပြန်ပြန့် ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒေသခံပြည်သူများမှ လိုအပ်ချက်များ တင်ပြ တောင်းခံရန်ဆွေးနွေးခဲ့ပြီး၊ မြို့နယ်ကော်မရှင်အတွင်းရေးမှူး ဦးကျော်မြင့်အောင်မှ ရွေးကောက်ပွဲ (PR) စနစ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ၊မြို့ နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး အောင်မင်းက နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး မှုခင်းဆိုင်ရာကိစ္စရပ်များ၊ ဥပဒေ အကြောင်းအရာများ ဆွေးနွေးဟောပြောကြပြီး   ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေး တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ  ပန်းခင်း (၂) စီမံချက်ဖြင့် အိမ်ထောင်စုဇယာများ ပြုလုပ်ပေးခြင်းနှင့် မှတ်ပုံတင်များပြု လုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေး စစ်ကြောင်းစစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စီမံအဖွဲ့ဝင် (၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နတ်ကြို့အိုင်ကျေးရွာ သူကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ