မိုင်းခတ်မြို့၌ Mobile Library စနစ်ဖြင့်စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

မိုင်းခတ်  ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့်စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို ယမန်နေ့ညနေ ၃ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန်အခက်အခဲရှိနေသည့် စာဖတ်ပရိသတ်များအတွက် စာပေဖတ်ရှုမှုအဆင်ပြေစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ သုတ၊ ရသစာအုပ်များကို မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ပြည်သူများအား စာအုပ်များ ငှားရမ်းပေးခဲ့သည်။

မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းမှကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများအား စာအုပ်စာစောင်များငှားရမ်းပေးခြင်းနှင့် အသစ်လဲလှယ်ပေးခြင်းတို့ကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)