ပေါက်ခေါင်း ဒီဇင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာမခင်စောတင့်ရေးသားသော “ဘဝအသစ်ရဲ့အစများ”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က စာပေကိုချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေမြတ်နိုးသူအချင်းချင်းရင်းနှီးမှုပိုမိုရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးစွာပြောကြားသည်။
ဆက်လက်၍စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက “ဘဝအစ်ရဲ့အစများ” စာအုပ်ပါအကြောင်းအရာမှ အလေးအနက်ဆင်ခြင်မှုမှတစ်ဆင့် အတွေးအမြင်ကြည်လင်မှုသို့ ခေါင်းစဉ်ခွဲကိုဦးဆောင်ဆွေးနွေးခဲ့သည်။ ဆက်လက်၍တက်ရောက်လာသောအဖွဲ့ဝင်များကလည်း တိမ်လွှာပေါ်မှအတွေးရိပ်များ၊ ကြွက်ကလေးပေးတဲ့သင်ခန်းစာ၊ ဘယ်သူမှန်ပါသလဲစသည့် ခေါင်းစဉ်ခွဲများကို အသီးသီးအပြန်အလှန် ဆွေးနွေးကာ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာပေချစ်သူများအဖွဲ့တို့ပူးပေါင်း၍ တစ်လလျှင်တစ်ကြိမ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)