လက်ပံတန်းမြို့တွင် နွေစပါးစိုက်ပျိုးမှုအကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

လက်ပံတန်း   ဒီဇင်ဘာ  ၉

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် နိုင်ငံစီးပွားရေးမြှင့်တင်ရေး ၂၀၂၂-၂၀၂၃ နွေစပါးစိုက်ပျိုးမှု ကုမ္ပဏီနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်ရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို  ယမန်နေ့နံနက်ပိုင်းက ရေကန်ကျေးရွာအုပ်စု၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးဒေသကုန်ထုတ်စွမ်းအားစုများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ နည်းပညာများကို စိုက်ပျိုးရေးပညာရှင်များ၊ ကုမ္ပဏီများနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေး အဖွင့်အမှာစကားပြောကြားပြီး မဏိစန္ဒာကုမ္မဏီမှ ဦးဇော်လွင်ဦးနှင့်အဖွဲ့က နွေစပါးစိုက်ပျိုးထုန်လုပ်မှု နည်းပညာနှင့် လုပ်ငန်းစဉ်များကို တောင်သူများအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဒေသခံတောင်သူများမှ နွေစပါးစိုက်ပျိုးမှု၊ ပဲတီစိမ်း၊ မတ်ပဲနှင့်ဆီထွက်သီးနှံနေကြာများ ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်းရာ ကုမ္ပဏီဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြသည်။

ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)