အ.ထ.ကသဲကုန်း၌ ကလေးသူငယ်အကြမ်းဖက်မှုနှင့် လူကယ်ကူးမှုအန္တရာယ်တိုက်ဖျက်ရေးဟောပြောပွဲ ကျင်းပ

သဲကုန်း ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကလေးသူငယ် အကြမ်းဖက်မှုနှင့်လူကယ်ကူးမှုအန္တရာယ် တိုက်ဖျက်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့က  အခြေခံပညာအထက်တန် ကျောင်းသဲကုန်း သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး အမှတ်(၂၀)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ပြည်)မှ ရဲအုပ်ထွန်းညွန့်က လူကုန်ကူးမှုဖြစ်ပေါ်ရသည့် အကြောင်းအရင်းများ၊ လူတစ်ဦးသည် အခြားတစ်ဦးကို အဓမ္မပြည့်ဆန်တာလုပ်ခိုင်းစေခြင်းများ၊ အခြားကာမဆိုင်ရာ ကိစ္စတစ်မျိုးမျိုးပြုလုပ်စေခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ အခြားလူတစ်ယောက်ဆီမှ ခန္ဓာကိုယ်အစိတ်အပိုင်းအား ထုတ်ယူဖယ်ရှားခြင်း၊ ရောင်းစားခြင်းစသည့်တိုကို ပြုလုပ်ရာမှ ငွေကြေးကိုသော်လည်းကောင်း၊ အကျိုးအမြတ်တစ်စုံတစ်ရာကိုသော်လည်းကောင်း၊ လက်ခံခြင်း(သို့မဟုတ်) လက်ခံရယူရန်သဘောတူခြင်း၊ လုပ်အားခလစာများ ခေါင်းပုံဖြတ်ခြင်းများ၊ အမျိုးသမီးများအပေါ် လူကုန်ကူးမှုအခြေအနေများ၊ တရုတ်နိုင်ငံသို့ ရောင်းစားပြီးတရားမဝင် ပေါင်းသင်းနေထိုင်မှုများ၊ အမျိုးသားများအား ငါးဖမ်းလှေများတွင် အသုံးပြုနေမှုများ၊ မည်သူမဆို အမျိုးသမီးများ၊ ကလေးသူငယ်နှင့်လူငယ်များအား လူကုန်ကူးမှုကျူးလွန်ကြောင်းပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းစသည့် ပြစ်မှု၊ ပြစ်ဒဏ်များဆောင်ရန်၊ ရှောင်ရန်များ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှု တိုင်ကြားနိုင်ရန်အတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အရေးပေါ်ဆက်သွယ်ရရှိနိုင်သည့် ဖုန်းနံပါတ်များအားပြောကြားကာ  လူမှောင်ခိုကူးမှုနှင့်လူကုန်ကူးမှုအခြေအနေများအား အကျယ်တဝင့် ရှင်းလင်းပြော ကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အ.ထ.ကသဲကုန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၁၈၀)ခန့် တက်ရောက်ခဲ့ကြပြီး လူကုန်ကူးမှုတားဆီးနှိင်နင်းရေး ရဲတပ်ဖွဲ့စု(ပြည်)မှ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်၊ ပြန်/ဆက်