မြဝတီ ဒီဇင်ဘာ ၁၂
မြဝတီမြို့တွင်လာမည့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ပြည်သူလူထုအနေဖြင့် မှန်ကန်သော မဲအရေအတွက်နှင့် မဲပေးပိုင်ခွင့်မဆုံးရှုံး စေရေးတို့ကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲနှင့်ပတ်သက်သည့် နယ်မြေဒေသအလိုက် မြေပြင်စာရင်း ကောက်ယူပြုစုနိုင်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကားပြောကြားရာတွင် မြေပြင်စာရင်းများ ကောက်ယူရာတွင် အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ အုပ်စုအဖွဲ့အလိုက် ဆောင်ရွက်ကြမည့် အဖွဲ့ခေါင်းဆာင်များနှင့် အဖွဲ့ဝင်များ ကြီးကြပ်သူများနှင့် အဖွဲ့ခေါင်းဆောင်များကို တာဝန်ခွဲဝေပေးခြင်း၊ မြန်မာနိုင်ငံသားတိုင်း ၁၀ နှစ်အထက် အသက်ပြည့်ပြီးသူများအား မှတ်ပုံတင်ရရှိရေး ဆောင်ရွက်ပေးနေသည့် နေရာများတွင် ကိုင်ဆောင်ထားသည့် နိုင်ငံသား သက်သေခံကတ်ပြားအမှတ်များ မှန်ကန်မှုရှိရေး စနစ်တကျဆောင်ရွက်ပေးစေလိုကြောင်းတို့ကို ဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်ကြသည့်အဖွဲ့ဝင်များက သိရှိလိုသည်များအား မေးမြန်းကြရာ ရွေးကောက်ပွဲကော်မရှင်နှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ရမည့်အချက်များအား ပြန်လည်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)