စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားများ တက်ရောက်ခြင်းနှင့် ပြည်ထောင်စုဈေးသစ်ကြီး တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

မုံရွာ ဒီဇင်ဘာ ၁၂

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ဗဟိုလမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါလမ်းသစ်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံး မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး၊ မြို့တွင်းလမ်းများအားလုံး အဆင့်မြင့် ကောင်းမွန်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုများ သွားလာမှု လွယ်ကူအဆင်ပြေစေရေးနှင့် ရေရှည်အကျိုးစီးပွားကို ရည်ရွယ်ပြီး နိုင်လွန်ကတ္တရာလမ်း သစ်များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား အဆင့်အလိုက် စီမံချက်များရေဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာ သည်နှင့်အမျှ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမူရေး၊ အခန်းကဏ္ဍများလည်း တစ်ဆက် တည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ လမ်းများဖွံ့ဖြိုးတိုးတက်မှသာ မြို့ဖွံ့ဖြိုးတိုး တက်မှာလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပြည်သူများ၏ အဓိက လိုအပ်ချက်များကို ဘက်စုံထောင့်စုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြော ကြားခဲ့သည်။

ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ၊ အင်ဂျင်နီယာမှူး ဦးလှမျိုးက အောင်ချမ်းသာရပ်ကွက် ဗဟိုလမ်းနှင့် မြို့သစ်ရပ်ကွက် ငုရွှေဝါလမ်း၊မင်္ဂလာလမ်း နိုင်လွန်ကတ္တရာလမ်းသစ်များ ခမ်းကျင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တိုင်းဒေသကြီး လမ်းပန်ဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်တို့က ဗဟိုလမ်း နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ လမ်းသစ်မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မြို့သစ် ရပ်ကွက်ရှိ ငုရွှေဝါလမ်းနှင့် မင်္ဂလာလမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ငုရွှေဝါလမ်း နှင့်မင်္ဂလာလမ်း နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါလမ်း သစ်မုဒ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ လမ်းသစ်အားဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြ သည်။

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ဗဟိုလမ်း နိုင်လွန်ကတ္တရာလမ်းသစ်သည် အလျား ၂၆၆၀ ပေ၊ အကျယ် ၂၄ ပေ၊ ထု လက်မခွဲဖြစ်ပြီး မြို့သစ်ရပ်ကွက် ငုရွှေဝါ နိုင်လွန်ကတ္တရာ လမ်းသစ်သည် အလျား ၁၆၂၅ ပေ အကျယ် ၂၀ ပေ၊ ထု လက်မခွဲနှင့် မင်္ဂလာ နိုင်လွန် ကတ္တရာလမ်းသစ်သည် အလျား ၁၄၀၀ ပေ အကျယ် ၂၀ ပေ၊ ထု လက်မခွဲရှိပြီး လမ်းသစ်များအား မုံရွာမြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကန်သာဦး ရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်မြေ ၁၇.၂၅ ဧကပေါ်တွင် ပြည်ထောင်စု ဈေးတည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုဈေးကြီး တည်ဆောက် နေမှုလုပ်ငန်းများနှင့် တည်ဆောက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြ ကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပြည်ထောင်စုဈေး တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ကောင်းမွန်စေရေး၊ စံချိန်စံညွှန်းမီစွာဖြင့် အချိန်မီပြီးစီးရေး၊ ရေမီး၊ မိလ္လာနှင့် သန့်ရှင်းရေး ဆိုင်ရာများ စနစ်တကျစီမံဆောင်ရွက်ထားရှိပေးရေး၊ ဈေးပတ်ဝန်းကျင်သန့်ရှင်းရေး၊ ဈေးဆိုင်ခန်းများ နေရာချထားရာတွင်  အဂတိတရားကင်းရှင်းစွာဖြင့် မှန်မှန်ကန်ကန်ဆောင် ရွက်ရေးနှင့် လုံခြုံရေးဆိုင်ရာများ ထည့်သွင်းထားရှိရေးတို့အား မှာကြားကာ တက်ရောက် လာသူများ၏ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုဈေးကြီး တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယခုလက်ရှိရောင်းချလျက်ရှိသည့် ကန်သာယာပျံကျဈေးမှ ဈေးသည်များ ရောင်းဝယ် ဖောက်ကားရာတွင် စနစ်တကျအဆင်ပြေချောမွေ့စွာဖြင့် အဆင့်မြင့်စွာရောင်းဝယ်နိုင် ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ တိုင်းမြို့အဂါၤရပ်နှင့်ကိုက်ညီစေ ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးကြပ်မှုဖြင့် ပြည်ထောင်စုဈေးသစ်ကြီးအား ဈေးရုံ ၃၂ ရုံတွင် အလျား ပေ၊ အနံ ပေရှိ၊ ဈေးဆိုင်ခန်းပေါင်း ၁၂၈၀ ခန်းထည့်သွင်းတည် ဆောက်လျက်ရှိရာ မကြာမီ တည်ဆောက်ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်။