ချမ်းမြသာစည် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ မဟာအောင်မြေ ဓမ္မာရုံတွင် ယနေ့မွန်းလွဲ ၁ နာရီအချိန်က စစ် ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဗိုလ်မှူး ဝေဖြိုးအောင်က တွေ့ဆုံပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီးနောက်ရဲမှူးသိန်းထွန်းက အသင်းအဖွဲ့ဆိုင်ရာဥပဒေများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဒေါ်ဇင်မာအောင် က ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ် (PR) အကြောင်းကိုလည်းကောင်း၊ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဒုလဝကမှူး ဦးတင်ကိုကိုထွဋ်က မှတ်ပုံတင်/အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းဆိုင်ရာ သိကောင်း စရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းမှုအား သက်ဆိုင်ရာ ဌာနများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ချမ်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဝေဖြိုးအောင်၊ အဖွဲ့ဝင်(၂) ဉီးဇော်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်း ၂၀၀ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)