ပဲခူး ဒီဇင်ဘာ ၁၂
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ “အားကစားပြုလုပ်ခြင်း၏ ကောင်းကျိုးများ” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီကပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်းက အားကစားကို ပုံမှန်လုပ်သင့်ကြောင်း မနက်စောစော ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေသည့်အပြင် ခန္တာကိုယ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေပြီး ဦးနှောက်ကို ဖွံ့ဖြိုးလာကာ ကျန်အားကစားနည်းများ ပြုလုပ်ရာတွင်လည်း ပိုမိုလွယ်ကူလာစေကြောင်း၊ စသည့် “အားကစားပြုလုပ်ခြင်း၏ ကောင်းကျိုးများ” ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)