ကျိုက်မရော ဒီဇင်ဘာ ၁၂
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက. အ.ထ.က (ခွဲ)ကျိုက်မရောကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်မရောမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးလှမိုးက အဖွင့်အမှာစကား ပြောကြားပြီး အ.ထ.က.(ခွဲ) မှ ကျောင်းအုပ်ဆရာမ ကြီး ဒေါ်မိုးမိုးခိုင်က လင်းလက်တောက်ပသော အနာဂါတ်၏ ကြယ်ပွင့်ကလေးများ ဖြစ်လာစေရန်နှင့် ထူးချွန်ထက်မြက်သော လူငယ်လေးများဖြစ်ပေါ်စေရန်နှင့် ဗလငါးတန်ဖြင့် ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ဖြင့် လူငယ်စကားဝိုင်း ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က.ခွဲ ကျိုက်မရော Grade-10မှ မောင်သုတဇော်က လူငယ်နှင့်စာဖတ်ခြင်း၊ Grade 11 မှ မရွှေ နံသာဦးက လူငယ်နှင့်ကျန်းမာရေး၊Grade- 9 မှ မသံစဉ်ချိုက လူငယ်နှင့် မူးယစ်ဆေး၊ Grade- 9 မှ မခြူးခြူးလင်းက လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် စကားဝိုင်း ဆွေးနွေးပွဲရရှိသော ရလဒ်များကို ဒုတိယမြို့နယ် ပညာရေးမှူး ဦးလှမိုးက ပြန်လည် သုံးသပ် ဆွေးနွေးပေးပြီး ကျောင်းသားကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးကြပြီး လူငယ်စကားဝိုင်းအပြီးတွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျိုက်မရော (ပြန်/ဆက်)