အမြို့မြို့အနယ်နယ်သတင်းများ

Dec 13,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် (၃)နှစ်မှ(၅)နှစ်အောက်အရွယ် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ဒီဇင်ဘာလ ၁၂ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီက သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Dec 13,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်နှင့်ပေါင်မြို့နယ်အကြားရှိ သံလွင်မြစ်(ဒရယ်ပေါက်)ရေကြောင်း လမ်းတိုးတက်ကောင်းမွန်စေရေးနှင့် သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်သတ်မှတ်ခြင်းအတွက် သက်ဆိုင်ရာဌာနများနှင့် ပထမအကြိမ်တွေ့ဆုံပွဲကို ချောင်းဆုံမြို့ကျွန်းသာယာခန်းမတွင် ယနေ့နံနက် ၉ နာရီကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Dec 13,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပန်းဟေဝန်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Dec 13,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပ​ဒေများ (၂၀၂၂ခုနှစ်)နှင့်လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများ ညွှန်ကြားချက် (၂၀၂၂ခုနှစ်) တို့နှင့်အညီ လမ်းညွှန်သင်္ကေတများ၊ လမ်းအမှတ်အသားများ၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ အချက်ပြများ တပြေးညီဖြစ်စေရေး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။   
Dec 13,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာအုပ်စု၊ ဘီးစပ်ကုန်းကျေးရွာအနီး သင်ပုန်းရေလှောင်တမံ၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန ပူးပေါင်း၍ ငါးမြစ်ချင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Dec 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ တိုင်းရင်းသားပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ်စာ‌စောင်ပြပွဲနှင့် အသိပညာပေးနံရံကပ် စာစောင်များ ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။