သရက်ချောင်းမြို့နယ်တွင် အသက်(၃)နှစ်မှ (၅)နှစ်အောက် ကလေးသူငယ်များအား ပုံမှန် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

သရက်ချောင်း  ဒီဇင်ဘာ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် (၃)နှစ်မှ(၅)နှစ်အောက်အရွယ် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ် ဆေးထိုးနှံပေးခြင်းကို ဒီဇင်ဘာလ ၁၂ရက်နေ့မှစ၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီက သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ စာရင်းရေးသွင်းခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ပြီး အသက် (၃)နှစ်မှ (၅)နှစ်အောက် ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်း ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစမှ အသက်ငါးနှစ်အောက်ကလေးသူငယ်များကို ဆိုဆို့ ကြက်ညှာချောင်းဆိုး၊ အသည်းရောင်သားအဝါ(ဘီ)၊ ဘီစီဂျီ၊ ပိုလီယို၊ ဦးနှောက်အမြေးရောင် ရောဂါစသည့် (ငါးမျိုးစပ် ကာကွယ်ဆေး)ပိုလီယိုကာကွယ်ဆေး၊ပြင်းထန်းအဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးစသည့်ကာကွယ်ဆေးများကို အသက်အရွယ်အလိုက်သတ်မှတ်အကြိမ်တိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၄ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သားကြီး(သရက်ချောင်း)