မိုင်းခတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ် စာ‌စောင် ပြပွဲပြုလုပ်

မိုင်းခတ် ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ တိုင်းရင်းသားပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ၊ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာအုပ်စာ‌စောင်ပြပွဲနှင့် အသိပညာပေးနံရံကပ် စာစောင်များ ပြသခြင်းကို ယနေ့နံနက်  ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါစာအုပ်စာ‌စောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားထုတ်ဝေသည့် ရုပ်ပုံပြပုံပြင်စာအုပ်များ၊ ရွှေသွေးဂျာနယ်များ၊ သုတပဒေသာစာစောင်များ၊ စာပေဗိမာန်ဆုရစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး မိမိကြိုက်နှစ်သက်သည့် စာအုပ်များအား ငှားရမ်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)