မလှိုင် ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ဖျောက်ဆိပ်ကုန်းကျေးရွာအုပ်စု၊ ဘီးစပ်ကုန်းကျေးရွာအနီး သင်ပုန်းရေလှောင်တမံ၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာန ပူးပေါင်း၍ ငါးမြစ်ချင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတမံအတွင်းသို့ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်ဇော်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်၊အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးအောင်ကျော်သူ၊ အတွင်းရေးမှူး ရဲမှူးသိန်းဇော်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလှမိုးထွေး၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းထိန်နှင့် ဦးစီးမှူး ဦးကျော်နိုင်လင်းတို့က ငါးမြစ်ချင်းအမျိုး အစား အကောင်ရေ(၂၀၀၀၀)အား စိုက်ထည့်ခဲ့သည်။ ရေထုတ်ပြွန်မှတဆင့် စိုက်ပျိုးရေများဖြန့်ဝေရာတွင် လယ်ယာမြေများသို့ ငါးမျိုးများပြန့်နှံ့ရောက်ခဲ့ကာ စပါးနှင့်ငါး တွဲဖက်စိုက်ပျိုးလုပ်ကိုင်သည့် အလေ့အထဖြစ်စေပြီး တောင်သူဦးကြီးများ ငါးစားသုံးနိုင်ရေး ရည်ရွယ်၍ စိုက်ထည့်ခြင်းဖြစ်သည်။
သင်ပုန်းတမံအား ၂၀၀၃ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး မြေသားတမံအမျိုးအစားဖြစ်၍ အလျား(၅၆၅၀)ပေ၊ အမြင့်(၆၅)ပေ ကျယ်ဝန်းကာ ရေပြည့်ရေလှောင်တမံသည် (၂၁၀၀၀)ဧကပေရှိလျက် အသုံးပြုနိုင်သောရေပမာဏ(၁၂၈၀၀)ဧကပေအား စပါးသီးနှံ(၃၀၀)ဧက အတွက် ရေပေးဝေလျက်ရှိကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)