လားရှိုး ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေများ (၂၀၂၂ခုနှစ်)နှင့်လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့်အချက်ပြများ ညွှန်ကြားချက် (၂၀၂၂ခုနှစ်) တို့နှင့်အညီ လမ်းညွှန်သင်္ကေတများ၊ လမ်းအမှတ်အသားများ၊ လမ်းညွှန်ဆိုင်းဘုတ်များ၊ အချက်ပြများ တပြေးညီဖြစ်စေရေး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က လားရှိုးမြို့အတွင်းရှိ လမ်းဆုံလမ်းခွများ၊ လမ်းအကွေ့များ၊ လူသွားမျဉ်းကြားထားရှိသောနေရာများ၊ စျေးပတ်ဝန်းကျင်နှင့် လမ်းညွှန်ဆိုင်းဘုတ်ထားရှိရန်လိုအပ်သောနေရာများ၊ ကျောင်း/ တက္ကသိုလ်များ စသည့်နေရာများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/ မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်က လမ်းညွှန်သင်္ကေတများ၊ လမ်းအမှတ်အသားများ၊ လမ်းညွှန်ဆိုင်းဘုတ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် အသေးစိတ် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး (ပြန်/ ဆက်)