အမြို့မြို့အနယ်နယ်သတင်းများ

Oct 06,2022
မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းအဆင်းတွင် ယမန်နေ့ ညနေ ၅ နာရီခန့်က ကော့ကရိတ်ဘက်မှ မြ၀တီဘက်သို့ မောင်းနှင်လာသည့် ၆ ဘီးယာဉ် ဇာတ်အဖွဲ့ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး (၅) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ဆန်၊ ဆီ၊ ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်အမှတ်(၂၇)ရပ်ကွက်ရှိ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
Oct 06,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားရေးဘဝဖွံ့ဖြိုးတိုးတက်စေရန်  မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသ ခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်  (၁၀) နာရီအချိန်က မြစ်သားမြို့နယ် ရစ်ကန်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအတွင်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
Oct 06,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ မွေးကင်းစအရွယ်မှ အသက်တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အမှတ် ၁၇ ရပ်ကွက် ဒေသန္တရကျန်းမာရေးဆေးပေးခန်းတွင် ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့​ကြောင်း သိရသည်။
Oct 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ၌ Drone နှင့် Drone ဆက်စပ်ပစ္စည်းများ ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်
Oct 06,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးကိစ္စရပ်များအတွက် စစ်ကြောင်းကြီးငါးကြောင်းအသွင်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ကျန်တောစုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Oct 06,2022
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်  အိမ်ပြင်ထွက်သွားလာကြသည့် ပြည်သူ့များအား  mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရေး အသိပေးနှိုးဆော်ခြင်းနှင့် mask နှာခေါင်းစည်းများကို အခမဲ့ ဖြန့်ဝေပေးခြင်းဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်  ၈နာရီခွဲချိန်က မြို့မစျေးကြီး အတွင်းရှိစျေးရောင်းစျေးဝယ်သူများ အား  mask နှာခေါင်းစည်း   အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Oct 06,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကျေး ရွာအုပ်စုကျေးရွာများမှ မိသားစုတစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့် ဒေသခံ ကျေးလက်ပြည်သူများအား တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကြာအင်းရွှေဒိုးကျေးရွာအုပ်စုရှိ ရွှေလင်းကျေးရွာ၌ ကွင်းဆင်းသွားရောက်ပြီး ပေးအပ်ထောက်ပံ့ခဲ့ကြောင်းသိ ရသည်။