ကြာအင်းဆိပ်ကြီးမြို့နယ် ရွှေလင်းဝက်မွေးမြူရေး မြစိမ်းရောင်ကျေးရွာ၌ တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်

ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၆

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကျေး ရွာအုပ်စုကျေးရွာများမှ မိသားစုတစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့် ဒေသခံ ကျေးလက်ပြည်သူများအား တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းအချိန်က ကြာအင်းရွှေဒိုးကျေးရွာအုပ်စုရှိ ရွှေလင်းကျေးရွာ၌ ကွင်းဆင်းသွားရောက်ပြီး ပေးအပ်ထောက်ပံ့ခဲ့ကြောင်းသိ ရသည်။

အဆိုပါ မိသားစုတစ်ပိုင်တစ်နိုင် လုပ်ငန်းများလုပ်ကိုင်လျက်ရှိသည့် ဒေသခံကျေးလက်ပြည်သူများအား တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ခြင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်ဇော်လတ်က တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့်သက်၍ ရည်ရွယ်ချက်များအား ဆွေးနွေးရှင်းလင်းပြော ကြားပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးလွင်မှ ဦးစီးဌာနအနေဖြင့် မွေးမြူရေးနှင့်ကုသရေးဆိုင်ရာများနှင့် လိုအပ်ချက်များ ခက်ခဲမှုများ ဖြစ်ပေါ်လာပါက ဦးစီးဌာနအနေဖြင့် ကူညီထောက်ပံ့ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက်တာဝန်ရှိသူများမှ အဆိုပါကျေး‌ရွာအုပ်စုရှိ မင်္ဂလာကုန်းကျေးရွာ၊ ဦးချွန်ကုန်း၊ သုံးတိုင်၊ ရွှေလင်း ကျေးရွာများမှ ဝက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ဒေသခံကျေးလက်ပြည်သူ(၆၀)ဦးအား အဆင်ပြေစွာ အစာကျွေးမွေးနိုင်စေရေးအတွက် စုစုပေါင်းကီလို(၃၀)ဆန့်အစာအိတ် (၉၃) အိတ်အား လက် ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)