Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နောင်မွန်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ သိန်း(၃၀၀)အား ကျေးရွာကော်မတီထံသို့ လွှဲပြောင်းပေးအပ်
Dec 15,2022
ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်၌ ပြည်သူများ ဆောင်းရာသီ သီးနှံစိုက်ပျိုးမှုဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေရရှိပြီး လူမှုဘဝ စီးပွားရေး တိုးတက်မြှင့်မားလာစေရန် အတွက် နိုင်ငံတော်မှ ထုတ်ချေးပေးသော နိုင်ငံ့စီးပွားမြှင့်တင်ရေး အရင်းမပျောက်မတည်ရန် ပုံငွေသိန်း (၃၀၀)ကျပ်ကို ဒီဇင်ဘာလ ၁၄ ရက်နံနက် (၁၀) နာရီတွင် ကဆန်ဒမ်း ကျေးရွာခန်းမ၌ ကျေးရွာကော်မတီများထံသို့ လွှဲပြောင်းပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်တွင် လူငယ်ရေးရာ ခေါင်းဆောင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.မ.က ပန်တင်ကျောင်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ရွာလုကျေးရွာနှင့် ပေါက်သစ်ကျေးရွာတို့တွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန်အတွက် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကွင်းဆင်း၍ ပြည်သူများနှ…
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်း ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခြင်းကို၊ ယမန်နေ့မွန်းလွဲ (၂) နာရီက ရွာလုကျေးရွာ ရွာလယ်ဓမ္မာရုံရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့နယ်တွင် မီးဘေးအန္တရာယ်နှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးဟောပြော
Dec 15,2022
ကျောင်းသားကျောင်းသူများ မီးဘေးအန္တရာယ်နှင့် လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်လျှပ်စစ်နှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများကရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အ.ထ.က အေးမြသာယာတွင် ယနေ့နံနက် ၈ နာရီအချိန်က စစ်ဆေးဟောပြောသရုပ်ပြပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Dec 15,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် နိုင်ငံရေးစစ်ကြောင်း၊ အုပ်ချုပ်ရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်းနှင့်ဒေသဖွံ့ဖြိုးရေး စစ်ကြောင်း၊ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယမန်နေ့ နေ့လယ် ၁ နာရီခွဲအချိန်က မြင်းကပါကျေးရွာ၊ မနုဟာဓမ္မာရုံတွင် ဒေသခံပြည်သူ လူထုနှင့်တွေ့ဆုံ၍ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနှောင်းကာလတွင် စိုက်ပျိုးထားသော နှမ်းနက်(ခေါ်)စမုံနက်နှမ်းနက်များ စတင်ရိတ်သိမ်း
Dec 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ မိုးနှောင်းကာလတွင် တောင်သူများအတွက် စီးပွားဖြစ် စိုက်ပျိုးနိုင်သည့် သီးနှံတစ်မျိုးဖြစ်သော နှမ်းနက်(ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးထားရာ ယခုအချိန်တွင် ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အကျောက်တံတားမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်ကံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီက အမှတ်(၃)ရပ်ကွက် (၃၅)လမ်းဓမ္မရံသီဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်၌ နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်ကျေးရွားများသို့ ရန်ပုံငွေနှင့်ငွေစာရင်းထိန်းသိမ်းနည်းသင်းတန်းဖွင့်လှစ်ပို့ချခြင်း
Dec 15,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14335
Page
14336
Page
14337
Page
14338
Current page
14339
Page
14340
Page
14341
Page
14342
Page
14343
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department