မြ၀တီ အောက်တိုဘာ ၆
မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီး ကွမ်းခြံကုန်းအဆင်းတွင် ယမန်နေ့ ညနေ ၅ နာရီခန့်က ကော့ကရိတ်ဘက်မှ မြ၀တီဘက်သို့ မောင်းနှင်လာသည့် ၆ ဘီးယာဉ် ဇာတ်အဖွဲ့ကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး (၅) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကော့ကရိတ်ဘက်မှ မြ၀တီဘက်သို့ မောင်နှင်လာသော ပွင့်နေခြည် ဇာတ်အဖွဲ့သူ၊ အဖွဲ့သားများလိုက်ပါလာသည့် ၆ ဘီးယာဉ်သည် ကွမ်းခြံကုန်းအဆင်းနေရာတွင် ကားဘရိတ်ပေါက်ရာ မှ လမ်း၏ယာဘက်သို့ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသည့်နေရာသို့ မြ၀တီခရိုင်မီးသတ်တပ်ဖွဲ့စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးစီးမှူးနှင့်တပ်ဖွဲ့၀င်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်မှ တပ်ဖွဲ့၀င်များ၊ အခြားသော လူမှုကူညီရေးအသင်းအဖွဲ့များက ထိခိုက်ဒဏ်ရာရ လူနာများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး မြ၀တီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား (၅) ဦးသေဆုံးခဲ့ကာ ကျန် (၂၃) ဦးမှာ အတွင်းလူနာ အဖြစ် မြဝတီခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ကုသလျက်ရှိကြောင်း၊ ယာဉ်မဆင်မခြင် မောင်းနှင်သည့် ယာဉ်မောင်းအား သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှ ဥပေဒအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)