ရွှေပြည်သာမြို့နယ်အမှတ်(၂၇)ရပ်ကွက်၌  ဆန်၊ ဆီ၊ ကြက်ဥများဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေး

ရွှေပြည်သာ  အောက်တိုဘာ  ၆

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရွှေပြည်သာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန် ဆန်၊ ဆီ၊ ကြက်ဥများကို ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ရွှေပြည်သာမြို့နယ်အမှတ်(၂၇)ရပ်ကွက်ရှိ ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် ဆန်တစ်ပြည်(၁၇၀၀)ကျပ်၊ ကြက်ဥတစ်လုံး(၁၇၅)ကျပ်၊ ဆီတစ်ပိသာ(၄၁၅၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးလျက်ရှိပြီး ပြည်သူများမည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်းသိရသည်။

ပြည်သူများလွတ်လပ်စွာဝယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရွှေပြည်သာမြို့နယ်ရှိရပ်ကွက်(၂၇)ရပ်ကွက်အား အလှည့်ကျရောင်းချပေးလျက်ရှိကြောင်းသိရသည်။

နေမျိုးထွန်း