ကြို့ပင်ကောက် အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးကိစ္စရပ်များအတွက် စစ်ကြောင်းကြီးငါးကြောင်းအသွင်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို ကျန်တောစုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ ရှေးလုပ်ငန်းစဉ်ကြီး ငါးရပ်နှင့်သက်ဆိုင်သော ကိစ္စရပ်များဒေသတွင်း စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် သုံးသီးစိုက်ပျိုးသွားနိုင်ရေးတို့ အတွက် အသိပညာပေး ဆွေးနွေးပြောကြာခဲ့သည်။
ထို့နောက် ဒေသခံတောင်သူများက မေးမြန်းဆွေးနွေးသော လမ်းတံတားကိစ္စရပ်များ စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များအား သက်ဆိုင်သောဌာနဆိုင်ရာမျာက ရှင်းလင်းဖြေကြားပြီး လိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဖြရှင်းပေးခဲ့သည်။
အဆိုပါဌာနဆိုင်ရာအဖွဲ့အစည်းများပါသော စစ်ကြောင်းကြီးငါးကြောင်းအဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စများဆွေးနွေးခြင်း စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရေးညှိနှိုင်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)