အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၀:၃၀ နာရီအချိန်က မြို့မ(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အမျိုးသမီးရေးရာအသင်းမှ ရေချိုးဆပ်ပြာရည် (Shower)ပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Dec 15,2022
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က ဝဲကြီးကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Dec 15,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်တွင် ကျောင်းသားအားကစားပွဲတော်ကို ၂၀၂၂ခုနှစ်၊  ဒီဇင်ဘာ လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း မြဝတီမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Dec 15,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု ပေါင်းဆည်ကျေးရွာအား ၂၀၂၂_၂၀၂၃ ဘဏ္ဍာနှစ် မြစိမ်းရောင်အသားကဏ္ဍကျေးရွာထူထောင်ခြင်းလုပ်ငန်းမှ နွားအကောင်ရေ(၅၀)အား ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
Dec 15,2022
 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၁၅)ရက်နေ့တွင်ကျရောက်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 15,2022
မဟာအောင်မြေမြို့နယ် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံ၌ အင်အား (၇၀)ဦးခန့်ဖြင့် လည်းကောင်း၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ အောင်ချမ်းသာဓမ္မာရုံ၌ အင်အား (၅၀)ဦးခန့်ဖြင့် လည်းကောင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ
Dec 15,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ စေတနာသွေးသန့်လှူရှင်များစွာ ပေါ်ပေါက်လာစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပသည်။