Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနား တက်ရောက်
Feb 02,2026
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့အခါသမယတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မကွေးမြို့၊ မြသလွန်စေတီတော် ဘုရားပွဲတော်ကွင်းပြင်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တပ်ကုန်းမြို့၌ ကျင်းပသည့် (၅၁)ကြိမ်မြောက်၊ မိုဃ်းကောင်းဘုရားကြီး“ဆွမ်းဆန်တော် လောင်းလှူပွဲ" နှင့် နေပြည်တော်ကောင်စ…
Feb 02,2026
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့၊ ငွေတောင်တောရကျောင်းတိုက်မှ မိုဃ်းကောင်းဘုရားကြီးရင်ပြင်အထိ ကျင်းပသည့် (၅၁)ကြိမ်မြောက်၊ မိုဃ်းကောင်းဘုရားကြီး “ဆွမ်းဆန်တော်လောင်းလှူပွဲ" အခမ်းအနားကို တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ခမောက်ကြီးမြို့၌ ငါးနှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း နှင့်မိခင်နှင့်ကလေးကျန်းမာရေးပညာပေး
Feb 02,2026
တနင်္သာရီတိုင်းဒေသကြီ ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင်အသက် ၅ နှစ်အောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီက ခမောက်ကြီးမြို့ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာရောင်းချ
Feb 02,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့၌ ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက အစိုးစက်မှုလက်မှုသိပ္ပံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူ့သက်သာဈေးဖွင့်လှစ်၌ အခြေခံစားသောက်ကုန်များဖြစ်သည့် အသား၊ ငါးနှင့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည်။
အပြည့်အစုံ ဖတ်ရန်
အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနလေ့လာရေးအဖွဲ့ (ASI)က ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းအပိုင်း(၂)ဆောင်ရွက်လျက်ရှိ
Feb 02,2026
အိန္ဒိယနိုင်ငံ Archaeological Survey of India(ASI)အဖွဲ့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံ(၅၀)ဆူကို Phase-II အနေဖြင့် အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီ၊ အင်္ဂတေပန်းတော့ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုထိန်းသိမ်းခြင်းလုပ်ငန်းများအား ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ရာ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ရှေးဟောင်းအဆောက် အအုံ(၁၅)ဆူကို လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ စာအောင်သံဃာတော်၊ သီလရှင်နှင့်လူပုဂ္ဂိုလ်များအား စာအောင်ဆုနှင့် အောင်လက်မှတ်များဆက်ကပ်ချီးမြှင့်ပူဇော်
Feb 02,2026
သာသနာတော်နေလပမာ အဓွန့်ရှည်ကြာစွာ စည်ပင်ပြန့်ပွားထွန်းလင်း၍ ပရိယတ္တိ၊ ပဋိပတ္တိဓူရနှစ်ဖြာနှင့်ပြည့်စုံသော ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ စဉ်ဆက်မပြတ်ပေါ်ထွန်းနေစေရေး ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်သံဃနာယက(မူလဒွါရ) အမိတာရာမရဲကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂုဏာလင်္ကာရ အမှူးပြုသော အထူးပင့်သံဃာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ထမနဲထိုးပြိုင်ပွဲ၊ (၂) နှစ်ဒီပလိုမာ ဆရာဖြစ်သင်တန်းဆင်းပွဲနှင့် (၁၄) ကြိမ်မြောက် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Feb 01,2026
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ၊ ဒိုးပတ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ မြန်မာတို့၏ ရိုးရာအစဉ်အလာနှင့်အညီ အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့၌ ဒုတိယအကြိမ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Feb 01,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်တောင်းမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ချစ်ကြည်စည်းလုံးညီညွတ်မှုရှိစေရေးနှင့် မြန်မာရိုးရာ ယဉ်ကျေးမှုကို မပျောက်ပျက်အောင် တန်ဖိုးထား ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဦးစီးကျင်းပသည့်၊ ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို၊ ဇန်နဝါရီ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က စံပြရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝန်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1428
Page
1429
Page
1430
Page
1431
Current page
1432
Page
1433
Page
1434
Page
1435
Page
1436
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department