ခမောက်ကြီး ဖေဖော်ဝါရီ ၂
တနင်္သာရီတိုင်းဒေသကြီ ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင်အသက် ၅ နှစ်အောက်ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီက ခမောက်ကြီးမြို့ကျေးလက်ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ခမောက်ကြီးမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ဘက်စုံသားဖွားဆရာမ ဒေါ်ခိုင်ယမင်းပွင့်က ခမောက်ကြီးမြို့အတွင်းမှ လာရောက်ကြသူ ကလေးငယ်များ၏ အသက်အရွယ်အပိုင်းအခြားအလိုက် ဦးနှောက်အမြှေးပါးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ(ဘီ)ပိုးကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ၊ ဂျိုက်သိုး၊ ဝက်သက်၊ ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေး၊ ကုသမှုများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ခမောက်ကြီး(ပြန်/ဆက်)