Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ပင်လေးဈေးသစ်ဖွင့်ပွဲတက်ရောက်
Feb 02,2026
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကျင်းပပြုလုပ်သည့် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ပင်လေး ဈေးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က တက်ရောက်အားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့၌ စာဖတ်ရှိန်မြှင့်မားလာရေးအတွက် Mobile Library Bus ဖြင့် စာအုပ်များ သွားရောက်ငှားရမ်းပေး
Feb 02,2026
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားရရှိပြီး စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ပြည်သူများနှင့် စာသင်ကျောင်းများအရောက် စာအုပ်များသွားရောက်ဌားရမ်းပေးလျက်ရှိရာ ယနေ့တွင် အင်းစိန်မြို့နယ် သစ်တောဦးစီးဌာနနှင့် ကြိုကုန်းအရှေ့ရပ်ကွက်များသို့ သုတ/ရသစာအုပ်၊ စာစောင်မျိုးစုံယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ
Feb 02,2026
(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့ကျိုက်ခေါက်စေတီ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Feb 02,2026
သန်လျင်ခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ဂေါပကအဖွဲ့က ကြီးမှူးကျင်းပခဲ့သော ဗုဒ္ဓပူဇနိယပွဲတော် ပဌာန်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ ညနေ (၄) နာရီတွင် စေတီတော်ရင်ပြင်ရှုခင်းသာတန်ဆောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ
Feb 02,2026
ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ပြိုင်ပွဲဝင်အသင်းပေါင်း ၆၅ သင်း ဝင်ရောက်ယှဉ်ပြိုင်သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဘောလီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Feb 02,2026
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၁၀) နာရီတွင် အဆိုပါတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၉၄) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ တက်ရောက်ကြည်ညို
Feb 02,2026
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် (၉၄)ကြိမ်မြောက်နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှစတင်၍ မြို့တွင်းလမ်းတစ်လျောက် သတ်မှတ်ထားသည့် လမ်းများအတိုင်း ကျောက်တန်းရပ်ကွက်မှ အောက်လမ်းမကြီး တစ်လျောက် ဘိုကုန်းရပ်ကွက် သံလွင်ဟိုတယ်ထိ ပထမရက်အဖြစ်လည်းကောင်း၊ ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက်လမ်းအတိုင်း စျေးကြိုအဝိုင်းမှ မီးရထားဘူတာထိဒုတိယရက်အဖြစ် လည်းကောင်း၊ ဇေယျာသီရီရပ်ကွက်လမ်းမကြီးမှ ဒေါ်လန်းရပ်အထိ တတိယရက်အဖြစ်လည်းကောင်း၊ စတုတ္ထရက်နေ့တွင် သာသနာ့ဗိမာန်တော်ကြီးမှ ကျိုက်သုတ်ဘုရားအထိလည်းကောင်း လှည့်လည်အပူဇော်ခံရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်လုံးဆိုင်ရာ (၁၃) ကြိမ်မြောက် ပုညသဟာယ ဆွမ်းဆန်စိမ်းလောင်းလှူရေး ပွဲတော်ကျင်းပ
Feb 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့တွင် မြို့ပေါ်နှင့် မြို့နီးနားဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးလျက်ရှိသော ရဟန်းသံဃာတော်များ ဆွမ်းအခက်အခဲကို အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ပုညသဟာယဆွမ်းဆန်စိမ်းလောင်းလှူရေးအဖွဲ့က ဦးဆောင်ကျင်းပသည့် တစ်မြို့နယ်လုံးဆိုင်ရာ ပုညသဟာယဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီခွဲက မင်္ဂလာကံကျောင်းတိုက်ရှေ့မှစတင်၍ ဘုရားလမ်းတစ်လျှောက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများတက်ရောက် လောင်းလှူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1426
Page
1427
Page
1428
Page
1429
Current page
1430
Page
1431
Page
1432
Page
1433
Page
1434
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department