ကျောက်ဆည်မြို့၌  ပြည်သူ့သက်သာဈေးဖွင့်လှစ်၍  အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာရောင်းချ

ကျောက်ဆည် ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့၌  ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းက အစိုးစက်မှုလက်မှုသိပ္ပံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများအား ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ  ပြည်သူ့သက်သာဈေးဖွင့်လှစ်၌ အခြေခံစားသောက်ကုန်များဖြစ်သည့် အသား၊ ငါးနှင့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသည်။

ထိုသို့ရောင်းချရာ၌ စားအုန်းဆီတစ်ပိဿာရည်ညွှန်းဈေး ငွေကျပ် (၇၂၅၀) ဖြင့် စားအုန်းဆီ ပိဿာ ၁၀၀ နှင့်  ဝက်သားတစ်ပိဿာငွေကျပ် ၂၆၀၀၀ ဖြင့် ၃၅ ပိဿာ၊ အမဲသားတစ်ပိဿာ ငွေကျပ် ၂၅၀၀၀ ဖြင့် ၂၅ ပိဿာ၊ ဆိတ်သားတစ်ပိဿာငွေကျပ် ၂၈၀၀၀ ဖြင့် ၁၅ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)