Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Jun 10,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ကျေးလက်လမ်းဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊အသိပညာဗဟုသုတများတိုးပွားစေရန်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ယနေ့နံနက်(၁၀)နာရီအချိန်က အ.လ.က(ခွဲ)ကြက်သွန်ခင်း(၂)ကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အ.မ.က (မူလွန်) ကြက်သွန်ခင်း( ၁) ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စာကြည့်တိုက်ဝန်ဆောင်မှု ဗီဒီယိုဖိုင်များ ဖန်တီးခြင်းသင်တန်း ဖွင့်လှစ်သင်ကြား
Jun 10,2025
ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရန်ရည်ရွယ်သည့် စာကြည့်တိုက်ဝန်ဆောင်မှု ဗီဒီယိုဖိုင်များဖန်တီးခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်၊ သင်တန်းနည်းပြနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် အခြေခံစားသောက်ကုန်များအား ဇွန်လ (၂)ရက်နေ့မှစ၍ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၇း၀၀) နာရီအချိန်က အောင်ဆန်းလမ်းနှင့် (၇) လမ်းထောင့်တွင် ဆက်လက်ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ ဗိုလ်ကုန်းကျောင်းတိုက်အတွင်းရှိ ဂန္ဓကုဋီတိုက်တန်ဆောင်းတော်ကြီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၉) ရပ်ကွက်၊ ဗိုလ်ကုန်းကျောင်းတိုက်အတွင်း အနန္တမုနိဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်စံပယ်သီတင်းသုံးတော်မူသည့် ဂန္ဓကုဋီတိုက် တန်ဆောင်းတော်ကြီးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၁၀၈ တောင်စေတီတော်တွင် နယုန်လပြည့် မဟာသမယအခါတော်နေ့ကျင်းပ
Jun 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ကျက်သရေဆောင် ၁၀၈ တောင် မဟာဗောဓိစွယ်တော်ရှင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ဇွန် ၁၀ ရက် နံနက်ပိုင်းက မဟာသမယအခါတော်နေ့ကို အဆိုပါစေတီတော်ရင်ပြင်ရှိ ပုဖ္ဗါရုံတန်ဆောင်း၌ ကျင်းပသည်။ နံနက် ၅ နာရီတွင် စေတီတော်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီးနှင့် သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်များကို အရုဏ်ဆွမ်းနှင့် ဒါတပ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်ခဲ့သည်။ ယင်းနောက် နံနက် ၇ နာရီတွင် မဟာသမယနေ့တရားတော်ကို ဟောကြားတော်မူသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး
Jun 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်က ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက် တောင်သူ ၃၁ ဦးအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့ ညောင်ပင်စျေးရပ်ကွက်တွင် ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေး
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ် ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ညောင်ပင်စျေးရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Women Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်
Jun 10,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့နေ့လယ် (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ကပ္ပတိန်သာစိန်ရေးသားသည့် "ဘဝခရီးသွားလူငယ်များသို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1430
Page
1431
Page
1432
Page
1433
Current page
1434
Page
1435
Page
1436
Page
1437
Page
1438
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department