Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မြန်အောင်ခရိုင် မြန်အောင်ရုံးခွဲ (၁၀) နှစ်ပြည့် နှစ် ပတ်လည်အခမ်းအနားကျင်းပ
Feb 02,2026
မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း မြန်အောင်ခရိုင်၊ မြန်အောင်ရုံးခွဲ (၁၀) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားနှင့် ထောက်ကူပစ္စည်းများ၊ ပညာသင်စရိတ်၊ အားကစားထူးချွန်ဆုများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ကမြန်အောင်မြို့နယ် ဒေါင်းကျကျေးရွာတွင်ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့သဒ္ဓမ္မသီတဂူ မဟာစည်သာသနာ့ရိပ်သာ တောရကျောင်းတိုက်၏ ကျောင်းတိုက်တည်နှစ် (၁၅၀) ပြည့်သမ္မာပဋိပတ်အကျင့်မြတ်ပူဇော်ပွဲ တစ်နေ့တာဆ…
Feb 02,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သဒ္ဓမ္မသီတဂူ မဟာစည်သာသနာ့ရိပ်သာ တောရကျောင်းတိုက်၏ ကျောင်းတိုက်တည်နှစ် (၁၅၀) ပြည့်သမ္မာပဋိပတ်အကျင့်မြတ်ပူဇော်ပွဲ တစ်နေ့တာဆွမ်းဆက်ကပ်လှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်န်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်တွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူရှင်များတက်ရောက်ကြည်ညိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် …
Feb 02,2026
ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ ညနေပိုင်းက ၂၀၂၆ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင်များ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ လူငယ်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Feb 02,2026
အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း (၂) နာရီအချိန်က စာရေးဆရာကလောင်စုံရေးသားသည့် “ယောက်ျားတံခွန်လူရည်ချွန်” စာအုပ်ဖြင့် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးစေတီတော် (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားနှ…
Feb 02,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မဟာရွှေစည်ကြီးစေတီတော်(၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့နံနက်ပိုင်းတွင်ကျင်းပရာ အဆိုပါစေတီတော်ကြီး၌ ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၁/၂၀၂၆ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Feb 02,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း နောင်ချိုမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၁/၂၀၂၆ သင်တန်းဆင်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၃နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအခမ်းအနား တက်ရောက် ဖွင့်လှစ်ပေးပြီး ဆု…
Feb 02,2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၇၉) နှစ်မြောက်မွန်အမျိုးသားနေ့အထိမ်းအမှတ် ကီလိုမီတာ ၆၀ စက်ဘီးစီးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားသံဖြူဇရပ်၌ ကျင်းပ
Feb 02,2026
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1427
Page
1428
Page
1429
Page
1430
Current page
1431
Page
1432
Page
1433
Page
1434
Page
1435
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department